သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်မှာ အရှိန်လွန်လာတဲ့ကားက ရဲဂိတ်ကိုဝင်တိုက်ခဲ့တာကြောင့် ရဲ ၃ ဦးအပါအဝင် ၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နိုဝင်ဘာ ၁၆ ရက် ဒီမနက် ၂ နာရီခန့်မှာ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၄ ဦး စုစုပေါင်း ၅ ဦးလိုက်ပါလာတဲ့ Toyota Kluger ယာဉ် ၁ စီးက ၆၂ လမ်း၊ ၃၇x၃၈ လမ်းကြားရှိ မိုင်တဲရုံးအရှေ့က ရဲဂိတ်ကို ဝင်တိုက်မိခဲ့တာလို့ ဆိုပါတယ်။
"သူတို့(ရဲတွေ)က အိပ်တဲ့သူအိပ်၊ စောင့်တဲ့သူစောင့်နေချိန် ကားကဝင်အောင်းလိုက်တာ။ ညောင်ပင်ဘုကြီးကို ဝင်တိုက်တာ။ သူတို့ဂိတ်က ညောင်ပင်နားကပ်လျက်ဆိုတော့။ ကားကလည်း လွှင့်စင်ထွက်သွားတာ။"လို့ ဒေသခံတဦးကပြောပါတယ်။
ယာဥ်တိုက်မှုကြောင့် တာဝန်ကျ ရဲတပ်သား ၃ ဦး၊ ယာဥ်ပေါ်ပါသူတွေအနက် အသက် ၃၀ အရွယ် ယာဥ်မောင်းအမျိုးသား ၁ ဦး၊ အသက် ၁၈ နှစ်ကနေ ၂၀ကြား အမျိုးသမီး ၃ ဦး၊ ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရခဲ့တာကြောင့် ဒေသခံလူမှုကူညီရေးအသင်းတွေက မန္တလေးပြည်သူ့ဆေးရုံကို ပို့ပေးခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီရဲဂိတ်မှာ ပုံမှန်အားဖြင့် အင်အား ၄ ဦးဝန်းကျင်လောက်သာရှိပြီး မိုင်တဲရုံးကို လုံခြုံရေးစောင့်ပေးနေသူတွေဖြစ်တယ်လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။
ကားပေါ်ပါသူတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုမသိရဘဲ ညအချိန်မတော်ပြန်လာတာဖြစ်လို့ KTV (သို့မဟုတ်) ကလပ်တခုခုကနေ ပြန်လာသူတွေဖြစ်နိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းပြောဆိုထားပါတယ်။
ယာဥ်မောင်းဖြစ်သူ အမျိုးသားနဲ့ကားကိုတော့ ရဲကသိမ်းဆည်းဖမ်းဆီးသွားကာ မဟာအောင်မြေ ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#မန္တလေး #မဟာအောင်မြေမြို့ #ယာဥ်တိုက်မှု #ထိခိုက်ဒဏ်ရာရ
Share Share Share