သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ဒီဇင်ဘာ ၁၀ ရက်နေ့ လူ့အခွင့်အရေးနေ့ အသံတိတ်သပိတ်တွင် ဆိုင်ပိတ်ခဲ့သည့် ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့ရှိ စျေးဆိုင်များကို ငွေ တသိန်း မှ ငွေ သုံးသိန်းထိ စစ်ကောင်စီက တောင်းနေကြောင်း မြို့ခံများထံက သိရသည်။
အဓမ္မငွေတောင်းခံမှုတွေကို ဒီဇင်ဘာလ ၁၁ ရက်နေ့က ဆိုင်အချို့ကို လိုက်လံတောင်းခံနေခြင်းဖြစ်ပြီး အချို့ဆိုင်များကို အစည်းအဝေးခေါ်နေကြောင်း ဓါတ်ပုံမှတ်တမ်းများလည်း ရိုက်ယူထားကြောင်း မြို့ခံများထံကသိရသည်။
" ဆိုင်ကြီးတွေကို အဓိကတောင်းတာ မနေ့ကတည်းက ကြံ့ခိုင်ရေးအဖွဲ့ကလူတွေလည်း ပါတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ဆိုင်တွေကို ဓါတ်ပုံရိုက်တယ် မဖွင့်ရင်လည်း အတင်းဖွင့်ခိုင်းတယ်။ လုံးဝမဖွင့်တဲ့ဆိုင်တွေကိုတော့ ဒီနေ့ငွေညှစ်နေတယ်" ဟု မြို့ခံတဦး ကပြောသည်။
အလားတူ ခေတ္တရာမြို့သစ်အုပ်ချုပ်ရေးမှူးကလည်း ဆိုင်မဖွင့်ခဲ့သည့် ဆိုင်များကို ဓါတ်ပုံမှတ်တမ်းများ ရိုက်ယူကာ စာရင်းပြုစုပြီး အထက်ကို တင်ပြနေကြောင်း မဖွင့်သည့်ဆိုင်များကိုလည်း ငွေတောင်းနေကြောင်း သိရသည်။
" ဒီဘက်ကိုတော့ အခုထိ လာပြောတာမရှိသေးဘူး။ လာခေါ်မယ်လို့တော့ ကြားတယ်။ မြို့သစ်မှာတော့ အုပ်ကြီးဆိုသူက ဆိုင်တွေကို မှတ်တမ်းတွေယူ ငွေတောင်းတာတွေလုပ်နေတယ်လို့ သိရတယ်။" ဟု မြို့ခံတဦးကပြောသည်။
အသံတိတ်သပိတ် အား ပြည်မြို့ရှိ စျေးဆိုင်များစွာက ပါဝင်ပူးပေါင်းခဲ့ပြီး ယင်းနေ့မှာပင် စစ်ကောင်စီတပ်သားများက ခြိမ်းခြောက်ကာ အတင်းအဓမ္မဆိုင်ဖွင့်ခိုင်းမှုများ ပြုလုပ်ခဲ့ကြသည်။
#မြေလတ်အသံ
Share Share Share