အာဏာအလွဲသုံးစားလုပ်ပြီး တံစိုးလက်ဆောင်ရယူကြောင်း အပြစ်ဖော်ပြကာ  ဒု-ဗိုလ်ချုပ်ကြီး စိုးထွဋ် ကို ထောင်ဒဏ် ၅ နှစ်ချ

အာဏာအလွဲသုံးစားလုပ်ပြီး တံစိုးလက်ဆောင်ရယူကြောင်း အပြစ်ဖော်ပြကာ  ဒု-ဗိုလ်ချုပ်ကြီး စိုးထွဋ် ကို ထောင်ဒဏ် ၅ နှစ်ချ

စစ်ကောင်စီရဲ့ပြည်ထဲရေးဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်ကို စစ်တရားရုံးနဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်တယ်လို့ နိုဝင်ဘာ ၁၀ ရက် မနေ့ည ၈ နာရီသတင်းမှာ စစ်တပ်ပိုင်မီဒီယာတွေက ထုတ်ပြန်လာပါတယ်။

ဒု-ဗိုလ်ချုပ်ကြီး စိုးထွဋ်ဟာ ပြည်ထဲရေးဝန်ကြီးရာထူးရှိစဉ်က ဂရင်းချန်နယ်စနစ်နဲ့နိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးဖို့ ကုမ္ပဏီတွေက အကူအညီတောင်းခံမှုအပေါ် မလျော်သြဇာသုံးပြီး ခွင့်ပြုပေးခဲ့ကာ တံစိုးလက်ဆောင်ရယူခဲ့တယ်လို့ စစ်ကောင်စီအပြစ်ဖော်ပြထားပါတယ်။

ဒါ့အပြင် ဒု-ဗိုလ်ချုပ်ကြီး စိုးထွဋ်ဟာ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဝန်ထမ်းသက်သာချောင်ချိရေး ရံပုံငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့် ညီညွတ်မှုမရှိသည့် ဆောင်ရွက်မှုများအပေါ်  ကြပ်မတ်ကွပ်ကဲဖို့ ပျက်ကွက်ခဲ့မှုတွေ ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါအမှုတွေမှာ ပါဝင်ပတ်သက်ခဲ့တဲ့သူတွေကို နယ်ဘက်တရားရုံး၊ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေကို ရဲတရားရုံးတွေနဲ့ ဆက်လက်အရေးယူဆောင်ရွက်နေတယ်လို့လည်း စစ်ကောင်စီက ဆိုပါတယ်။

အခုနှစ် စက်တင်ဘာလမှာ ဒုဗိုလ်ချုပ်ကြီး စိုးထွဋ် ကို စစ်ကောင်စီက မူလစစ်ဘက်တာဝန်ထမ်းဆောင်စေတယ်ဆိုကာ ထုတ်ပြန်ခဲ့ပြီး နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထိန်းသိမ်းစစ်ဆေးနေရာက ၂ လကျော် အကြာမှာ ထောင်ဒဏ်ချမှတ်ကြောင်း ထုတ်ပြန်လာတာပါ။

ဒု-ဗိုလ်ချုပ်ကြီး စိုးထွဋ်ဟာ ပြည်ထဲရေးဝန်ကြီးတာဝန်ကို ၂၀၂၀ ကနေ ၂၀၂၃ အစောပိုင်းကာလတွေအထိ ၄ နှစ်ခန့်တာဝန်ယူခဲ့ပြီး စစ်ကောင်စီမှာ ဒုတိယဝန်ကြီးချုပ်အဖြစ်ပူးတွဲတာဝန်ရယူခဲ့တဲ့အထိ စစ်ခေါင်းဆောင် မင်းအောင်လှိုင် စိတ်ချရသူတဦးဖြစ်ပါတယ်။

အလားတူ ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာပဲ စစ်ဦးချုပ်(ကြည်း)နဲ့ စစ်ကောင်စီအဖွဲ့ဝင်ဖြစ်ခဲ့သူ ဒု-ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ တပည့် ဗိုလ်မှူးချုပ် ရန်နောင်စိုးတို့ကို စစ်ကောင်စီက လာဘ်ပေးလာဘ်ယူမှုတွေနဲ့ ထောင်တသက်တကျွန်းချမှတ်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ပုံစာ - အခုနှစ်မေလက ပြည်ထဲရေးဝန်ကြီးဟောင်း စိုးထွဋ်မှ လူကယ်ပြန်ဌာနတွင် မိုခါမုန်တိုင်းကြိုတင်ပြင်ဆင်ရေးအစည်းအဝေးတက်ရောက်စဉ်။

#မြေလတ်အသံ

#ပြည်ထဲရေး #ဝန်ကြီးဟောင်း #ဒုဗိုလ်ချုပ်ကြီးစိုးထွဋ် #ထောင်ဒဏ်ချမှတ် #စစ်ကောင်စီ #လာဘ်စားမှု #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10