"အိမ်ကိုမီးရှို့လို့ မဝသေးဘူး ဘူဒိုဇာနဲ့ပါ ထိုးကော်သွားတာ"

ပြီးခဲ့တဲ့ ဇွန်လဆန်း ၉ ရက်က စစ်ကောင်စီတပ်တွေ  ရွာထဲကို ပစ်ခတ်စစ်ကြောင်းထိုးခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက ရွာတရွာက ပြည်သူဦးရေ ၅၀၀ ကျော်ထဲမှာ အများစုက စစ်သားတွေ ရွာထဲဝင်စီးချိန် ဘာဆိုဘာမှ မယူလာနိုင်ဘဲ အသက်ဘေးကနေ လွတ်မြောက်ဖို့ မိသားစုလိုက် ကမန်းကတန်းပဲ ထွက်ပြေးခဲ့ကြရသူတွေပါ။

အလှူရှင်ရှိတဲ့ရက်တွေမှာသာ ထမင်းဟင်း ကောင်းကောင်းစားရပြီး အလှူရှင် မလာတဲ့နေ့ဆိုရင် သူတို့အထဲက ပါလာတဲ့ဆန်ကိုချက်ပြီး  မျှဝေစားသောက်နေရသလို ဆန်မရှိတော့လို့ ထမင်းမစားရတဲ့ နေ့မျိုးတွေလည်း ရှိပါတယ်။

စစ်ရှောင်စခန်းထဲ ရောက်နေကြတာ ၂ လဝန်းကျင်ရှိလာနေပါပြီ။ အခုအချိန်ထိ ဘယ်သူမှ ရွာထဲပြန်မဝင်နိုင်သေးပါဘူး။ ပြန်ဝင်စရာ ရွာမြေသာရှိနေပြီး နေစရာအိမ်တွေကတော့ မီးရှို့ခံရတဲ့အပြင် ဘူဒိုဇာနဲ့ပါ အထိုးခံလိုက်ရပါပြီ။

ရိုက်ကူး - ကိုငယ်၊ သတင်းနှင့် တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#အမျိုးသမီးကဏ္ဍ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10