သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ကွက်မှာ နေအိမ်ခြံဝန်းအတွင်း အဝတ်လှန်းနေတဲ့အမျိုးသမီး ၁ ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဇွန်လ ၂ ရက် ည ၇ နာရီခန့်မှာ အဲ့ဒီရပ်ကွက်က မသီတာဝင်း အသက် ၃၉ နှစ်ဟာ နေအိမ်မှာ ရေချိုး၊ အဝတ်လျှော်ပြီးနောက် ခြံဝန်းအတွင်း သွပ်နန်းကြိုးနဲ့ပြုလုပ်ထားတဲ့ အဝတ်လှန်းကြိုးမှာ အဝတ်လှန်းစဥ် ဓာတ်လိုက်သွားခဲ့တာလို့ ဆိုပါတယ်။
" မိုးကလည်းရွာထားတယ်၊ သူကလည်းရေချိုးထားလို့ ရေစိုနဲ့။ အပြင်ဓာတ်ကြိုးကနေ သူတို့အိမ်ထဲ ဝင်တဲ့ကြိုးက မိုးကြောင့်အိကျပြီး အဝတ်လှန်းကြိုးလုပ်ထားတဲ့သွပ်ကြိုးနဲ့ထိနေတာ။ အိမ်ကိုဝင်ဓာတ်ကြိုးကလည်းပေါက်နေတော့ လျှပ်စစ်ကစီးနေတာ"လို့ ဒေသခံအမျိုးသမီးတဦးက မြေလတ်အသံကို ပြောပါတယ်။
ဓာတ်လိုက်အပြီး စစ်ကိုင်းဆေးရုံကိုပို့ဆောင်ချိန် ဆေးရုံအရောက်မှာ သေဆုံးသွားကာ နာရေးကိုတော့ ဇွန်လ ၃ ရက်မှာ သူရဲ့နေအိမ်မှာဘဲ ပြန်လည်ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
ဇွန်လ ၁ ရက်နေ့ကလည်း စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာမှာ လူမနေတဲ့နေအိမ်ထဲ ပစ္စည်းဝင်ခိုးတဲ့ အမျိုးသားတဦးဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း - ဟိန်းစံ။
#မြေလတ်အသံ
#စစ်ကိုင်း #ဓာတ်လိုက်သေဆုံး #မတော်တဆမှု #သတင်းတို
Share Share Share