အုတ်တွင်းက အမျိုးသမီးတဦး ဓါးခုတ်ခံရပြီး အသက်အန္တရာယ်စိုးရိမ်ရ

အုတ်တွင်းက အမျိုးသမီးတဦး ဓါးခုတ်ခံရပြီး အသက်အန္တရာယ်စိုးရိမ်ရ

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ဝဲထောင့်ကျေးရွာအုပ်စု၊  ရှမ်းရွာကျေးရွာက အမျိုးသမီးတဦး မေ ၃၁ ရက် နေ့လယ် ၁၂ နာရီခန့်မှာ ဓါးနဲ့ခုတ်ခံပြီး ဒဏ်ရာပြင်းထန်ရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ဓါးနဲ့ခုတ်ခံရသူဟာ အုတ်တွင်းမြို့နယ်၊ ကြို့ကုန်းကျေးရွာ မူလွန်ကျောင်းအုပ်ဆရာကြီးရဲ့ဇနီးဖြစ်သူ အသက် ၄၅ နှစ်အရွယ် ဒေါ်ခင်စန်းအေးဖြစ်ပြီး သူ့အိမ်အနီးမှာနေထိုင်တဲ့ ၃၅ နှစ်အရွယ် မဆွေဇင်ခိုင်ဆိုသူက ဓါးနဲ့ဝင်ခုတ်ခဲ့တာလို့ ဆိုပါတယ်။ 

"ကျောင်းအုပ်ကြီးမိန်းမက နေအိမ်မှာတယောက်တည်းရှိနေချိန်မှာ မဆွေဇင်ခိုင်က အိမ်ပေါ် တက်လာပြီး ယောက်ျားမွေးနေ့ နီးနေလို့ ပြက္ခဒိန်ကြည့်ပါရစေ ဆိုပြီး ဒေါ်ခင်စန်းအေးကို ရုတ်တရက် ဓါးနဲ့ အချက်ပေါင်းများစွာခုတ်လိုက်တာ"လို့ ဒေသခံတဦးကပြောပါတယ်။

ဒေါ်ခင်စန်းအေးနဲ့ မဆွေဇင်ခိုင်တို့အကြား လူမှုရေးပြသနာအချို့ရှိတယ်လို့ ဆိုပေမယ့် ဘယ်လိုပြသာနာတွေရှိတယ်ဆိုတာ့ သေချာမသိရပါဘူး။

ဓားနဲ့ခုတ်ခံရလို့ ဒေါ်ခင်စန်းအေးမှာ ဘယ်ဘက်လက်ဖျံ၊  လက်မောင်း၊ လည်ပင်းရှေ့ထိုးသွင်းဒဏ်ရာ၊ နောက်လည်ပင်းဂုတ်သား ထိုးသွင်းဒဏ်ရာ၊ ရင်ညွန့် နဲ့ နောက်ကျောတွေမှာ ဓားခုတ်ဒဏ်ရာ ၈ ချက်ခန့်နဲ့ သတိလစ်နေကာ လက်ရှိအချိန်ထိ အုတ်တွင်းဆေးရုံမှာထားရှိပြီး စိုးရိမ်ရတဲ့အနေအထားရှိတယ်လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်လည်း အုတ်တွင်းမြို့နယ်၊ ခပေါင်းဆည်လမ်း၊ တိမ်ညွှန့်ကျေးရွာအနီးမှာ ဆိုင်ကယ်သမားတဦးရဲ့ လည်ပင်းကိုဓါးနဲ့လှီးပြီး ဆိုင်ကယ်လုယက်တဲ့ဖြစ်စဥ် ဖြစ်ခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #အုတ်တွင်း #ဓါးခုတ် #အိမ်နီးချင်း #မှုခင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10