အောင်လံမြို့နယ်က စစ်တပ်သတင်းပေးဆိုသူတဦး အသံတိတ်အသတ်ခံရ

အောင်လံမြို့နယ်က စစ်တပ်သတင်းပေးဆိုသူတဦး အသံတိတ်အသတ်ခံရ

မကွေးတိုင်း အောင်လံမြို့နယ် ပဲခူးရိုးမ အခြေမှာရှိတဲ့ ပဒဲရွာက စစ်ကောင်စီသတင်းပေးဆိုသူ တဦးကို မကွေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်-အောင်လံအဖွဲ့က ရှင်းလင်းခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

သတ်ခံလိုက်ရတဲ့ စစ်ကောင်စီသတင်းပေးဆိုသူဟာ ပဒဲကျေးရွာ ဦးသိန်းဇော်ဖြစ်ပြီး တော်လှန်ရေးအင်အားစုနေရာတွေကိုသတင်းပေးတာ‌တွေ စစ်ကောင်စီရဲ့ လုပ်ငန်းစဥ်တွေမှာ ပါဝင်ပတ်သက်တာတွေ ရှိနေလို့အခုလို ရှင်းလင်းခဲ့တာဖြစ်တယ်လို့ မကွေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်-အောင်လံအဖွဲ့ တာဝန်ရှိသူ ဗိုလ် GZက ပြောပါတယ်။

" သူအပါအဝင်လေးဦးကို ၆၊၃၊ ၂၀၂၂ရက်နေ့မှာ သတိပေးစာထုတ်ပြန်ပီးသတိပေးခဲ့ပါတယ်၊ လေးလကြာစောင့်ကြည့်ပြီးစကစနဲ့ပူးပေါင်းမှု မရပ်တာကြောင့်ရှင်းခဲ့တာပါ၊ ဇူလိုင်(၁၉)အာဇာနည်နေ့မှာ လှီးဓားနဲ့ရှင်းခဲ့တာပါ" လို့ ဗိုလ်GZ က ပြောပါတယ်။

ဦးသိန်းဇော်ဟာ အာဏာသိမ်းမှု မတိုင်ခင်ကတည်းက စစ်တပ်နဲ့ အချိတ်အဆက်ရှိကာ သစ်လုပ်ငန်းလုပ်ကိုင်သူတဦးဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်တပ်နဲ့ အားကိုးနဲ့ ရွာသားတွေကို ဒုက္ခပေးနေသူဖြစ်တယ်လို့လည်း ပြောပါတယ်။

" ဒလန်လိုလူမျိုးတွေကိုလှီးဓားအသုံးပြုပြီးရှင်းဖိုဘာမြူဒါဌာနချုပ်ကနေမွေးထုတ်ထားတဲ့တပ်သား‌ကရှင်းတာပါ၊ ကျနော်တို့ တပ်ကနေ လေ့ကျင့်ဖိုဘာမြူဒါဌာနချုပ်ကိုလွှတ်ထားတဲ့ရဲဘော်တွေပါ" လို့ ပြောပါတယ်။

အဲ့ဒီအဖွဲ့ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၃ရက်က ပေါက်ခေါင်းမြို့နယ် ကံကျင်းရဲစခန်းထဲကို မိုင်းဝင်ထားပြီး ဖောက်ခွဲခဲ့တဲ့ အရိပ်မဲ့ စစ်ဆင်ရေးရဲ့ တွဲဖက်ဖြစ်တယ်လို့လည်း ဗိုလ် GZ က ပြောပါတယ်။

အောင်လံမြို့နယ်ထဲက စစ်ကောင်စီထောက်တိုင်တွေ အနေနဲ့ ပြည်သူ့ဘက် အမြန်ဆုံးရပ်တည်ကြဖို့ နဲ့ ပြည်သူ့လွတ်မြောက်ရေးအတွက် ပိုပြီးကြိုးစားအားထုတ်သွားမယ်လို့ ပြောပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10