သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ အောင်လံမြို့မှာ ဇန်နဝါရီ ၁၃ ရက် ဒီကနေ့ နေ့လယ် ၁၂ နာရီခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အောင်လံမြို့မှာ ဒီကနေ့မနက်ပိုင်းကပြုလုပ်တဲ့ မြို့ပတ်လမ်းဖွင့်ပွဲကို မကွေးတိုင်းစစ်ကောင်စီ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်လာပြီး ၎င်းဝန်ကြီးချုပ်ယာဥ်တန်းရောက်ရှိလာပြီးနောက် တရုတ်ကုန်းရပ်ကွက်၊ လဝကရုံးအနီးမှာ မိုင်းပေါက်ကွဲမှုဖြစ်ခဲ့တာလို့ ဆိုပါတယ်။
" ဖွင့်ပွဲလုပ်နေတဲ့အချိန် မြို့ပတ်လမ်းဘေး ပျားဂေဟာအရှေ့ဘက်နားလောက်က ပေါက်ကွဲသံက အကျယ်ကြီးထွက်လာတယ်။ ဝန်းကြီးချုပ်ဆိုသူလည်း တက်သုတ်ရိုက်ပြန်သွားတယ်"လို့ အောင်လံမြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။
မိုင်းပေါက်ကွဲတာကြောင့် လမ်းဖွင့်ပွဲပျက်သွားခဲ့ပြီး လူထိခိုက်မှုတော့မရှိဘူးလို့ အဆိုပါမြို့ခံက ဆိုပါတယ်။
ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်က မြို့ပတ်လမ်းဝန်းကျင်ရှိအမှိုက်ပုံပါမကျန် ရှာဖွေစစ်ဆေးတာတွေလုပ်ဆောင်သလို အောင်လံမြို့တွင်းမှာလည်း ပိတ်ဆို့ရှာဖွေတာတွေလုပ်ဆောင်တယ်လို့ သိရပါတယ်။
အဆိုပါ မိုင်းထောင်ဖောက်ခွဲတာကို ဒေသတွင်းတော်လှန်ရေးအဖွဲ့တခုက လုပ်ဆောင်ခဲ့တာလို့သိရပြီး အဲ့ဒီအဖွဲ့ဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ပုံစာ - ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်က ပြုလုပ်သော မင်းဘူးမြို့နယ်အတွင်း ကတ္တရာလမ်းပိုင်းအသစ်ဖွင့်ပွဲတခုတွင်တွေ့ရသည့် မကွေးတိုင်း စစ်ကောင်စီဝန်ကြီးချုပ် ဦးတင့်လွင်။
စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ
#မကွေး #အောင်လံ #လမ်းဖွင့်ပွဲ #စစ်ကောင်စီ #ဝန်ကြီးချုပ် #တက်ရောက် #ဗုံးပေါက်ကွဲ #သတင်း #မြေလတ်သတင်း
Share Share Share