အောင်လံ၊ ပေါက်ခေါင်းအစပ်က ကျေးရွာတွေကို ကပစ-၁၉ က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ဒေသခံတွေ ရှောင်တိမ်းနေရ

အောင်လံ၊ ပေါက်ခေါင်းအစပ်က ကျေးရွာတွေကို ကပစ-၁၉ က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ဒေသခံတွေ ရှောင်တိမ်းနေရ

မကွေးတိုင်းနဲ့ ပဲခူးတိုင်းအစပ် ပဲခူးရိုးမအနီးက ကျေးရွာတွေကို ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံအမှတ် ၁၉ ထဲက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အတွက် ဒေသခံတွေ ရှောင်တိမ်းနေကြရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၂ တပ်ရင်း ဆီက သိရပါတယ်။

ယနေ့ ဧပြီလ ၂၃ ရက် နံနက် ၇ နာရီမှာ အောင်လံမြို့နယ်နဲ့ ပေါက်ခေါင်းမြို့နယ် နယ်ခြားမှာနေထိုင်ကြတဲ့ အပိုင့်ကျေးရွာနဲ့ အနီးနားကို ကပစ ၁၉ ထဲကနေ တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်နေလို့ ပေါက်ကွဲမှု ၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

"အခုလိုစစ်တပ်က အပြစ်မဲ့ပြည်သူတွေကို လက်နက်ကြီးနဲ့ပစ်ခတ်နေတာဟာ အပြစ်မဲ့ပြည်သူတွေကို အကြောက်တရားသွင်းပြီး သူတို့ရဲ့ယုတ်မာမှုတွေကိုပြသနေတာလို့မြင်ပါတယ်။ ကျွန်တော်တို့တော်လှန်ရေးတပ်ဖွဲ့တွေအနေကတော့ စစ်အာဏာရှင်အမြစ်ပြတ်ဖို့တိုက်ပွဲ‌ချေမှုန်းတဲ့အခါမှာ တက်နိုင်သမျှ ပြည်သူတွေမထိခိုက်အောင်အထူးဂရုစိုက်လုပ်ဆောင်လျှက်ရှိပါတယ်" လို့ ၃၆၀၂ တပ်ရင်း သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကပြောပါတယ်။

လက်ရှိမှာတော့ ဒေသခံတွေအနေနဲ့ သင့်တော်ရာနေရာတွေမှာ ရှောင်တိမ်းနေကြရပြီး ပျက်စီးမှုအခြေအနေကို စုံစမ်းမေးမြန်းလို့မရသေးဘူးလို့ ဆိုပါတယ်။

"ပြည်သူတွေအားလုံး စစ်**တွေရှိတဲ့နေရာမှာမနေဖို့နဲ့ စစ်**တွေစစ်ကြောင်းထိုးလာရင်အထူးသတိထားဖို့ပြောချင်ပါတယ်" လို့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ က ဆက်ပြောပါတယ်။

ပစ်ခတ်ခံရတဲ့ နေရာတွေမှာ တော်လှန်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိသေးဘဲ စစ်ကောင်စီရဲ့ လှုပ်ရှားမှုတွေကိုတော့ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

အလားတူ ပေါက်ခေါင်းမြို့နယ်နဲ့ ပေါင်းတည်မြို့နယ် အစပ် ပဲခူးရိုးမအခြေက ကျေးရွာဒေသခံတွေဟာ စစ်ကောင်စီစစ်ကြောင်းထိုးတာတွေနဲ့ တပ်သားသစ်စုဆောင်းတာတွေကြောင့် ရှောင်တိမ်းနေရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10