၁၀၂၇ စစ်ဆင်ရေးမှာ ကျဆုံးခဲ့တဲ့ BPLA ရဲဘော် ဒီပဲယင်းသား ၄ ဦး (ရုပ်သံဆောင်းပါး)

ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေးမှာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ရင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ် BPLA အဖွဲ့ဝင် ဒီပဲယင်းသားတွေဖြစ်တဲ့ ကိုဌေးကျော်၊ ကိုချစ်စမ်းမောင်၊ ကိုအောင်ပိုင်နဲ့ ကိုမင်းကိုနိုင်တို့ ၄ ဦးဟာ ကျဆုံးသွားခဲ့ပါတယ်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၄၀ ကျော်ကို ရရှိခဲ့ပြီး ဗိုလ်ကြီးတဦးအပါအဝင် စစ်သုံ့ပန်း ၃ ဦးကို ဖမ်းဆီးနိုင်ခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်က တိုက်ပွဲမှာ ဒီပဲယင်းသား တပ်ဖွဲ့ဝင် ၄ ဦးစလုံး ကျဆုံးသွားတာလို့ BPLA ကဆိုပါတယ်။  

BPLA က သူတို့ကို အာဇာနည်တွေအဖြစ် သတ်မှတ်ပြီး ဒီပဲယင်းဒေသခံတွေက သူတို့ ၄ ဦးအတွက် အမှတ်တရ ဂူဗိမာန်တည်ဆောက်ခဲ့ပါတယ်။ 

သူတို့ ၄ ဦးနဲ့ သက်ဆိုင်သူတွေက ပြောပြလာတဲ့ သူတို့အကြောင်းကို မြေလတ်အသံက ရုပ်သံဆောင်းပါးအဖြစ်တင်ဆက်လိုက်ပါတယ်။ 

တည်းဖြတ် - ဟယ်ရီ

#မြေလတ်အသံ

#ရုပ်သံ #ရုပ်သံဆောင်းပါး #ကျဆုံးရဲဘော် #BPLA #ဒီပဲယင်း #အာဇာနည် #ဂူဗိမာန် #အင်တာဗျူး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10