၃ ထပ်တိုက်ပေါ် တပ်စွဲနေတဲ့စစ်အုပ်စု လက်နက်ကြီးနဲ့ပစ်ခံရပြီး ၂ ဦးဒဏ်ရာပြင်းထန် (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့၊ ပခုက္ကူလမ်းပိုင်းရှိ ပြည်သူပိုင်သုံးထပ်တိုက်ပေါ်မှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ရာ ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

ခလရ  ၂၅၁ က စစ်သားအင်အား ၁၅ ဦးတပ်စွဲထားတဲ့ အဆိုပါတိုက်ပေါ်ကို စက်တင်ဘာ ၁၀ ရက် ညနေ ၃ နာရီလောက်မှာ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ခိုက်ရာမှာ ၁၀၀ မမ၊ ၁၂၀ မမ၊ ၁၃၀ မမ လက်နက်ကြီးတွေနဲ့ မီတာ ၅၀၀ လောက်ကနေ ပစ်ခတ်ခဲ့ချိန် စစ်ကောင်စီတပ်သား ၂ ဦး ဒဏ်ရာရခဲ့တာလို့ မြိုင်ပကဖတာဝန်ခံ ဗိုလ်လက်ယာ က ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အညာဟီးရိုးလက်နက်ကြီးတပ်ဖွဲ့၊ ပခုက္ကူခရိုင် အမှတ် ၁၅ တပ်ရင်း ကျားသစ်နက် တပ်မတော်၊ နဂါးနီပကဖမြိုင်နဲ့ ကိုဘာဂျာဒရုန်းတပ်ဖွဲ့တို့က ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပစ်ခတ်ပြီးနောက်မှာတော့ အဲ့ဒီစစ်အုပ်စုဟာ တခြားနေရာကို ပြောင်းရွှေ့သွားခဲ့တယ်လို့လည်း သိရပါတယ်။ 

တည်းဖြတ် - HP

#မြေလတ်အသံ

#မကွေး #မြိုင် #လက်နက်ကြီး #ပစ်ခတ် #တိုက်ပွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10