၄ လအတွင်း ၄ ကြိမ်မြောက်ရေတက်လာလို့ ကျွန်းပေါ်က စစ်ရှောင်တွေအခက်တွေ့ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းပေါ်ကို ၄ ကြိမ်မြောက် ဧရာဝတီမြစ်ရေ တက်လာတဲ့အတွက် အဲ့ဒီကျွန်းပေါ်မှာ နေထိုင်နေကြတဲ့စစ်ရှောင်တွေ အခက်အခဲဖြစ်နေကြပါတယ်။ 

အဲ့ဒီစစ်ရှောင်တွေဟာ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လကတည်းက စစ်သားနဲ့ပျူစောထီးတွေရန်ကြောင့် နေရပ်ကနေစစ်ရှောင်နေခဲ့ကြတာဖြစ်ပြီး ခုဆိုစစ်ရှောင်သက်တမ်း ၃ နှစ်ကျော်ရှိနေပါပြီ။

ယခင်နှစ်တွေက မြစ်ရေတက်တာမျိုးမရှိဘဲ အခုနှစ်အတွင်းမှရေတက်ခဲ့တာလို့ စစ်ရှောင်ပြည်သူ ၁ ဦးက ပြောပါတယ်။

အခုနှစ် ဇူလိုင်လကစတင်ကာ ယခုအောက်တိုဘာလအထိ ၄ ကြိမ်ရေတက်ခဲ့တဲ့အတွက် ယာယီစစ်ရှောင်တဲတွေ ရေနစ်မြုပ်သွားတာရှိသလို ကုန်းမြင့်နေရာတွေကို ရွှေ့ပြောင်းနေထိုင်ကြပြီး အသက်အန္တရာယ်ဆုံးရှုံးတာမျိုးမရှိခဲ့ဘူးလို့ စစ်ရှောင်ပြည်သူ ၁ ဦးက ပြောပါတယ်။ 

အရင်နှစ်တွေမှာ အခုလို ဧရာဝတီမြစ်ရေတက်တာမျိုးမရှိတဲ့အတွက် သီးနှံစိုက်ပျိုးတာ၊ ပြောင်းဖူးချိုးတာ၊ ဆေးလိပ်လိပ်တာ၊ ငါးဖမ်းတာစတဲ့အလုပ်အကိုင်တွေကို လုပ်ကိုင်ကြပြီးအခုလို ၄ လအတွင်း ရေ ၄ ကြိမ်အထိတက်လာတဲ့အတွက် အလုပ်အကိုင်တွေမရှိကြဘဲ စားသောက်ဖို့အတွက်ပါ အခက်အခဲကြုံတွေ့နေကြတာပါ။  

စစ်ရှောင်ပြည်သူတွေဟာ ရေစကြိုမြို့နယ် ရေလယ်ကျွန်းပေါ်က နေရင်းရွာ၊ ပေါက်တောရွာနဲ့ မင်းရွာတို့ကဖြစ်ပြီး စစ်ရှောင်အိမ်ထောင်စု ၈၀ ခန့်မှာ စုစုပေါင်းလူဦးရေ ၃၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#မကွေး #ရေစကြို #စစ်ရှောင် #အခက်အခဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10