၅ ရက်ကြာပျောက်နေတဲ့ အသက် ၇၀ ကျော်အရွယ် အဖိုးတဦးကို သေဆုံးလျက်ပြန်တွေ့

၅ ရက်ကြာပျောက်နေတဲ့ အသက် ၇၀ ကျော်အရွယ် အဖိုးတဦးကို သေဆုံးလျက်ပြန်တွေ့

မကွေးတိုင်း၊ မကွေးမြို့နယ်၊ ကံသာလေးကျေးရွာကနေ ၅ ရက်ကြာပျောက်ဆုံးနေတဲ့ အသက် ၇၃ နှစ်အရွယ်အဖိုးကို သေဆုံးလျက်ပြန်တွေ့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မတ် ၂၆ ရက် ညနေ ၅  နာရီကျော်မှာ ကံသာလေးကျေးရွာအနီးတောစပ်မှာ ပျောက်ဆုံးနေတဲ့ ဦးကြည်ငြိမ်းရဲ့ အလောင်းကို ဒေသခံနွားကျောင်းသားတဦးက တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။

ဦးကြည်ငြိမ်းဟာ သတိမေ့တတ်သူဖြစ်တာကြောင့် နေအိမ်မပြန်တတ်ဘဲ လမ်းပျောက်ရင်းကနေ ခုလို သေဆုံးသွားတာဖြစ်နိုင်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

"ဘယ်နေ့ကတည်းက သေနေတယ်ဆိုတာတော့မသိရဘူး။ ပျောက်နေတာလည်းကြာပြီဆိုတော့။ ပြင်ပ ဒဏ်ရာတွေတော့မတွေ့ရဘူး။ တောထဲမျက်စိလည်ပြီး အာဟာရပြတ် သေဆုံးတာ ဖြစ်နိုင်တယ်"လို့ ဒေသခံတဦးကပြောပါတယ်။

မတ် ၂၁ ရက် ညနေပိုင်းမှာ ဦးကြည်ငြိမ်းဟာ သူပိုင်တဲ့ ယာထဲကိုသွားမယ်ဆိုပြီး နေအိမ်ကနေထွက်သွားပြီးနောက် ပျောက်ဆုံးနေခဲ့တာလို့ဆိုပါတယ်။

အလောင်းကိုတော့ ဒေသခံတွေကကောက်ယူပြီး မိသားစုတွေနဲ့အတူ ညတွင်းချင်း ကျေးရွာသုသာန်မှာ သင်္ဂြိုဟ်လိုက်ကြတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ကံသာကျေးရွာ #အဖိုးအို #သတိမေ့ပျောက်ဆုံး #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10