21 BAGAN-PDF ရဲ့ အပတ်စဥ် ၂ သင်တန်းဆင်းပွဲ (ရုပ်/သံ)

မန္တလေးတိုင်း၊ ညောင်ဦးမြိုနယ်တနေရာမှာ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တပ်ခွဲ - ၃၊ 21 BAGAN - People Defense Force တပ်ဖွဲ့ရဲ့ အပတ်စဥ် ၂ စစ်သင်တန်းဆင်းပွဲကို သြဂုတ် ၁ ရက်ကပြုလုပ်ခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။

ဒီသင်တန်းကို ဇွန်လဆန်းပိုင်းက စတင်ခဲ့တာဖြစ်ပြီး အမျိုးသမီး ၅ ဦးနဲ့ အမျိုးသား ၃၃ ဦး စုစုပေါင်း ၃၈ ဦးတက်ရောက်ခဲ့ကြတယ်လို့ တပ်ဖွဲ့တာဝန်ခံရဲဘော်မောင်လေးက ပြောပါတယ်။

အပတ်စဥ် ၁ စစ်သင်တန်းကိုတော့ မေ ၁ ရက်ကနေ မေလ ၂၉ ရက်အထိ ပြုလုပ်ခဲ့ပြီး သင်တန်းသား ၃၀ ဦးပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ #သတင်း #reels #short #youtubeshort 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10