သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ ထောက်ရှာပင်ကျေးရွာအနီး၊ ဧရာဝတီမြစ်အတွင်းမှာ Alpha ဘိလပ်မြေအိတ် ငါးသောင်းကျော်တင်လာတဲ့ တွဲသင်္ဘောနစ်မြုပ်ပြီး ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇွန် ၇ ရက် နေ့လယ် ၂ နာရီကျော်မှာ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာရှိ မြန်မာကွန့်ချ်ဘိလပ်မြေစက်ရုံထွက် Alpha ဘိလပ်မြေအိတ်တွေတင်ဆောင်လာတဲ့ CP တွဲသင်္ဘောဟာ ဧရာဝတီတံတား တိုင်အမှတ်၁၇/၁၈ ကြားအရောက်မှာ တံတားတိုင်နဲ့တိုက်မိပြီး နစ်မြုပ်သွားတာလို့ ဆိုပါတယ်။
"တွဲသင်္ဘောက မောင်းလာရင်း အောက်သောင်ခုံနဲ့ငြိပြီး တံတားတိုင်ကိုလည်း ဝင်ချိတ်ပြီးမှ တဖြည်းဖြည်းချင်းနစ်သွားတာ။ လူတွေကတော့ ဘာမှမဖြစ်ဘူး။ အချိန်မီ ကယ်လိုက်နိုင်ကြတယ်"လို့ ဒေသခံတဦးကပြောပါတယ်။
Alpha ဘိလပ်မြေတွေဟာ စစ်တပ်နဲ့ဖက်စပ်လုပ်ကိုင်တဲ့ မြင့်ကုမ္ပဏီအုပ်စု၊ တရုတ်နိုင်ငံသားအများစု ရှယ်ယာပိုင် Anhui Conch Cement ကုမ္ပဏီတို့ကတည်ထောင်ထားတဲ့ မြန်မာကွန့်ချ်ဘိလပ်မြေစက်ရုံ ကနေထုတ်လုပ်တာလို့ သိရပါတယ်။
သင်္ဘောပေါ်တင်လာတဲ့ ဘိလပ်မြေအိတ် ငါးသောင်းဝန်းကျင်ကတော့ အားလုံးနီးပါး ရေနစ်မြုပ် ပျက်စီးသွားပြီး အဆိုပါတွဲသင်္ဘောပေါ်မှာ ရေယာဥ်ဝန်ထမ်း ၇ ဦးလိုက်ပါလာပြီး အားလုံးကို အသက်ရှင်လျက် အထိအခိုက်မရှိ ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ပုံစာ - ဘိလပ်မြေအိတ်တင် တွဲသင်္ဘော နစ်မြုပ်နေစဥ်။
စာတည်း - လင်း
#မြေလတ်အသံ
#မကွေး #မင်းဘူး #ဘိလပ်မြေတင်သင်္ဘော #ပျက်စီး #ရေနစ်မြုပ်
Share Share Share