CDM လုပ်ခဲ့တာကိုနောင်တမရဘဲ ဂုဏ်ယူနေဆဲ ရန်ကုန်တက္ကသိုလ် ကထိကတဦး (ရုပ်/သံ)

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ရင်း နယ်စပ်ဖြတ်ကျော်တိမ်းရှောင်လာသူတွေထဲမှာ ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းပညာဋ္ဌာနရဲ့ ကထိကဆရာမ နန့်ဝေမာမြင့်လည်း အပါအဝင်ပါ။ စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်စပြီး သူရဲ့ကထိကရာထူးကိုစွန့်လွှတ်ကာ ရန်ကုန်မြို့ပေါ်က ဆန္ဒပြပွဲတွေမှာ ပါဝင်လှုပ်ရှားခဲ့ပါတယ်။ 

အဲ့ဒီနောက် သူ့ဇာတိဟင်္သာတမြို့နယ်ကို ပြန်လာချိန်မှာလည်း လုံခြုံရေးကြောင့် တနေရာပြီးတနေရာ ထပ်မံပြောင်းရွှေ့နေထိုင်ရင်း နောက်ဆုံး အဆင်မပြေတော့တာကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကို ပြောင်းရွှေ့နေထိုင်ခဲ့တာ အခုဆို ၂ နှစ်ကျော်ရှိနေပါပြီ။ 

မေးမြန်း/ရိုက်ကူး - ပုံ့ပုံ့ 

#မြေလတ်အသံ

#CDM #ကထိက #ဆရာမ #ပညာရေး #ရွှေ့ပြောင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10