သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မဇင်မာလွင်သည် မနက် ၉ နာရီ ကနီမြို့မရဲစခန်းတွင် တန်းစီပြီးနောက် အိမ်သို့ပြန်လာခဲ့သည်။ ညနေပိုင်း၌ ရဲစခန်းသို့ ပြန်သွားရမည်ဖြစ်၏။ သို့သော် သူသည် ၅ လသားအရွယ်သမီးဖြစ်သူကို ရင်မှာလွယ်၊ အထုပ် တထုပ်နှင့် လက်ပစ်ဗုံးတလုံးကိုယူပြီး ဆိုင်ကယ်စီးကာ သူတာဝန်ကျရာ ကနီမြို့မရဲစခန်းကို ကျောခိုင်း ထွက်ခွာလာခဲ့တော့သည်။
ဤခရီးစဉ်ကို လွန်ခဲ့သည့်တပတ်ကတည်းက ကိုယ်တိုင်ကြိုတင်ပြင်ဆင်ထားခဲ့ခြင်းဖြစ်သည်။ ဆိုင်ကယ်စီးလာသည့် ခရီးစဉ်တလျှောက် စိတ်ထဲ၌ စိုးရိမ်ကြောက်လန့်သည့်စိတ်များက အပြည့်။
“CDM ဝင်ရင် PDF တွေက သတ်ပစ်လိမ့်မယ်” ဆိုသည့် သူ့အထက်အရာရှိ၏ သတိပေး စကားများ သည် ခြောက်လှန့်သည့်စကားလုံးများသာဖြစ်ကြောင်း သူ့ကိုလာကြိုနေသည့် PDF များနှင့် နဖူးတွေ့၊ ဒူးတွေ့ကြုံလိုက်ရမှ သိလိုက်ရတော့သည်။
တည်းဖြတ် - HP
#မြေလတ်အသံ
#ဆောင်းပါး #ရုပ်ပုံလွှာ #CDM #ရဲမေ #မိခင် #ရုပ်သံဆောင်းပါး
Share Share Share