Comrade Column - CC စစ်ကြောင်းရဲ့ ရဲဘော်တွေက စစ်ရေးပြအခမ်းအနား ပြုလုပ် (ရုပ်/သံ)

စစ်ကိုင်းတိုင်းအတွင်းရှိ ဆားလင်းကြီး၊ ယင်းမာပင် ၊ ကနီ ၊ဘုတလင် စတဲ့ လေးမြို့နယ်က တော်လှန်ရေး တပ်ဖွဲ့တွေ ပူးပေါင်းထားတဲ့ Union Liberation Front - ULF(စစ်ကြောင်း) ရဲ့ စစ်ကြောင်း အမှတ်(၁) Comrade Column - CC စစ်ကြောင်းက  စစ်ရေးပြခြင်း အခမ်းအနားကို  စက်တင်ဘာ ၄ ရက်က ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

အခမ်းအနားကို Comrade Column ရဲ့ ရဲဘော် ၇၅ ဦးခန့်နဲ့ တပ်ဖွဲ့အခြေစိုက်ရာ ယင်းမာပင်ခရိုင်တွင်းက စစ်ကြောင်းဌာချုပ်ရုံးမှာ ပြုလုပ်ခဲ့တာလို့ Union Liberation Front-ULF တာ၀န်ခံက မြေလတ်အသံကိုပြောပါတယ်။

အခမ်းအနားမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်သီချင်းသီဆိုခြင်း၊ PDF အလံတော်ကို အလေးပြုခြင်း၊ ULF စစ်ကြောင်းမှူးက ဂုဏ်ပြုမိန့်ခွန်းဖတ်ကြားခြင်းနဲ့ ဖယ်ဒရယ်ဒီမိုကရေစီတိုက်ပွဲအတွင်း မြင့်မြတ်စွာကျဆုံးခဲ့ရတဲ့ ရဲဘော်များအား ဦးညွှတ်အလေးပြုခြင်း စတဲ့အစီအစဥ်တွေလည်း ပါဝင်တယ်လို့Union Liberation Front - ULF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

Union Liberation Front - ULF(စစ်ကြောင်း) ဟာ ယင်းမာပင်ခရိုင်မှာအခြေစိုက်ပြီး ဆားလင်းကြီး၊ ကနီ၊ယင်းမာပင်၊ ဘုတလင်စတဲ့မြို့နယ်တွေမှာ မဟာမိတ်တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး စစ်ရေးလှုပ်ရှားနေတယ်လို့လည်း သိရပါတယ်။

တည်းဖြတ် -HP

#မြေလတ်အသံ

#စစ်ကိုင်း #ဆားလင်းကြီး #ComradeColumn #စစ်ရေးပြ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10