သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
Live လွှင့်ပြီး PDF တွေကို စိန်ခေါ်လေ့ရှိတဲ့ နတ်မောက်မြို့က စစ်မှုထမ်းဟောင်း ၁ ဦး သေနတ်နဲ့ပစ်ခံရပြီး အောက်တိုဘာ ၃၀ရက်က သေဆုံးသွားပါတယ်။
မကွေးတိုင်း၊ နတ်မောက်မြို့ ရဲစခန်းရဲ့ ကိုက် ၁၀၀ အကွာမှာနေတဲ့ စစ်မှုထမ်းဟောင်းလည်းဖြစ် ပျူစောထီးခေါင်းဆောင် ၁ ဦးလည်းဖြစ်သူ အသက် ၅၃ အရွယ် ဦးဇော်ဝင်း (ခ) မြွေဟောက်ကို People's Defence Organization-Natmauk က ပစ္စတိုနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
အောက်တိုဘာ ၃၀ရက် ညနေ ၆နာရီလောက်မှာ ဦးဇော်ဝင်းက သူ့သမီးကို ဆိုင်ကယ်နဲ့ သွားကြိုချိန် ရဲစခန်းအနီးမှာပဲ ပစ်ခတ်ခဲ့တာလို့ People's Defence Organization-Natmauk တာဝန်ခံ အဆိပ်သီးက ပြောပါတယ်။
" သူမသေခင်က စစ်မှုထမ်းဖို့အတွက် ပေါ်တာဆွဲတာတွေမှာ ဦးဆောင်ပြီးတော့လုပ်တယ်၊ ပေါ်တာအဆွဲခံရတဲ့ ပိုက်ဆံရှိတဲ့လူတွေကို သိန်း ၁၅၀ နဲ့ ပြန်ရွေးဖို့ သူကတောင်းတယ်၊ သူက လိုင်းပေါ်မှာ အမြဲတမ်း LIVE လွှင့်ပြီး PDF တွေကို စိန်ခေါ်ပြီးဆဲနေတဲ့ ၁ ဦးပါ၊ နတ်မောက်မြို့ပေါ်က ပျူစောထီးတွေက သူ့ရဲ့ညွှန့်ကြားမှုအောက်ကသွားရတာ၊ အရင်တုန်းကလည်း စစ်မှုထမ်းဟောင်း ၁ ဦးပါ၊ မှု့ခင်းသတင်းထောက်လည်းလုပ်တယ်" လို့ တာဝန်ခံ အဆိပ်သီးက ပြောပါတယ်။
ဦးဇော်ဝင်းကို အခုလို ပစ်ခတ်နိုင်ဖို့ အချိန် ၁လခွဲလောက် နတ်မောက်တပ်ပေါင်းစုတွေ စီစဉ်ခဲ့ရပြီး ပစ်ခတ်ချိန်မှာ ခြေထောက် ၂ ချက်နဲ့ ခေါင်း ၁ ချက်ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။
ဦးဇော်ဝင်းဆီမှာ လက်ပစ်ဗုံး ၂ လုံးရှိပြီး သူ့ရဲ့လွယ်အိတ်ထဲမှာ အမြဲဆောင်ထားလေ့ရှိတယ်လို့ သတင်းရထားပေမယ့် ပစ်ခတ်မှုအပြီးမှာတော့ ရဲစခန်းနဲ့နီးတဲ့အတွက် ပစ်ပြီးချက်ချင်း ရှောင်လိုက်ရတာဖြစ်လို့ ဘာလက်နက်မှ မရခဲ့ဘူးလို့ ဆိုပါတယ်။
နတ်မောက်မြို့ပေါ်မှာ စစ်ကောင်စီကို အကြီးစားထောက်ပံ့မှုလုပ်ပေးနေတဲ့ လောင်းကစားဒိုင်ချုပ်တွေလည်း ဆက်ပြီးမထောက်ပံ့ဖို့ တာဝန်ခံ အဆိပ်သီးက အခုပစ်ခတ်မှုအပြီးမှာ သတိပေး ပြောဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်ကလည်း အောင်လံမြို့နယ် တလုပ်ပင်စခန်းက ပြန်လာတဲ့ စစ်ကောင်စီတပ်ကားတွေကို People's Defence Organization-Natmauk အဖွဲ့က မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
စာတည်း - ဈာန်မြင့်
#မြေလတ်အသံ
#မကွေး #နတ်မောက် #ပျူခေါင်းဆောင် #ပစ်ခတ် #သေဆုံး
Share Share Share