MRDA – Monywa စခန်းကို စစ်တပ်က စီးနင်းမီးရှို့ခဲ့

MRDA – Monywa စခန်းကို စစ်တပ်က စီးနင်းမီးရှို့ခဲ့

စစ်ကိုင်းတိုင်း၊ ယင်းမာပင်အခြေစိုက် ‌မြန်မာ့တော်ဝင်နဂါးတပ်တော် MRDA-Monywa တပ်ရင်း ၆ တပ်ခွဲ ၁ စခန်းကို ဇန်နဝါရီလ ၂၅ ရက်နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်ကစီးနင်းမီးရှို့ခဲ့တာကြောင့် စခန်းအဆောက်အဦတွေနဲ့ လက်နက်ခဲယမ်းတွေပါ ဆုံးရှုံးခဲ့ရတယ်လို့ အဲ့ဒီစခန်းမှတပ်ခွဲမှူး ဗိုလ် Black က ပြောပါတယ်။ 

အင်အား ၈၀ ဝန်းကျင်ရှိ စစ်ကောင်စီစစ်ကြောင်းက နေ့လယ် ၂ နာရီခွဲလောက်မှာ ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး စခန်းရှိကာကွယ်ရေးရဲဘော်တွေဘက်က ပြန်လည်ခုခံခဲ့ပေမယ့် စစ်ကောင်စီဘက်က အသာစီးရခဲ့တာကြောင့် ရဲဘော်တွေစခန်းစွန့်ခွာခဲ့ကြရတာလို့ ဆိုပါတဘ်။ 

“သူတို့ (စစ်ကောင်စီ) ဘက်က စက်ကလေးနဲ့ဆွဲပြီး ၆၀ မမ တွေနဲ့ထုတယ်။ ကျနော်တို့စခန်းထဲကို ကွက်တိကျတယ်။ ရဲဘော်တွေကတော့ အထိအခိုက်မရှိဘူး။ ခွန်ထိုးနဲ့ လက်လုပ်‌မောင်းပြန်တွေ ပစ်လိုတ် ဆုတ်လိုက်ပေါ့။ သူတို့စခန်းအနားကို ကပ်လာတော့ စခန်းကို အသာစီးရသွားတယ်။ အဲဒါကြောင့် စခန်းကို ဆုတ်ခွာခဲ့ရတယ်” လို့ ဗိုလ် Black က ပြောပါတယ်။ 

စခန်းဝန်းရှိ ရဲဘော်နဲ့ ရဲမေတွေနေတဲ့ ဘားတန်း၊ ဧည့်ဆောင်၊ ခွဲမှူးရုံး၊ တပ်ခွဲမှူးတွေနေတဲ့ဘားတန်း၊  ထိပ်တုံးဘားတိုက်နဲ့ လက်နက်ကြီးဘားတိုက်တို့ မီးရှို့ခံလိုက်ရတဲ့အပြင် မြေမြှုပ်ထားတဲ့ လက်နက်ခဲယမ်းတွေကအစဖော်ပြီး မီးရှို့ခံခဲ့ရတာကြောင့် စုစုပေါင်း သိန်း ၁၀၀ ဝန်းကျင်ဖိုး ဆုံးရှုံးခဲ့တယ်လို့လည်း ဆိုပါတယ်။ 

စခန်းကို မီးရှို့ပြီးနောက် အဲ့ဒီစစ်ကြောင်းဟာ မြောင်မြို့နယ်၊ စည်သာအောင်ချမ်းသာရွာဘက်မှာ စစ်ကြောင်းထိုးတပ်စွဲနေပြီး ဇန်နဝါရီလ ၂၆ ရက်မနေ့ကညနေပိုင်းမှာတော့ ကာကွယ်ရေးတပ်တွေက လက်နက်ကြီးနဲ့ သွားရောက်တိုက်ခိုက်ခဲ့သေးတယ်လို့လည်း သိရပါတယ်။ 

 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10