NUG အစိုးရ၏အလံတင်အခမ်းအနား မင်းကင်းပြည့်သူ့ကာကွယ်ရေးတပ်ရင်း ၂ တွင်ပြုလုပ်

NUG အစိုးရ၏အလံတင်အခမ်းအနား မင်းကင်းပြည့်သူ့ကာကွယ်ရေးတပ်ရင်း ၂ တွင်ပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေး၀န်ကြီးဌာန၏ အလံတင်အခမ်းနားကို Min Kin People Defence Force မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် MKPDF တပ်ရင်း၂ တပ်ခွဲ ၃ တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း MKPDF တပ်ရင်း ၂ တာဝန်ခံက မြေလတ်အသံသို့ပြောပါတယ်။

"လက်ရှိကတော့ အလံတင်အခမ်းအနားလုပ်တာကတော့ ကျနော်တို့မင်းကင်းပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း ၂ တစ်ခုတည်းပါပဲခင်မျ၊ အဓိကကတော့ ကျနော်တို့က ကာကွယ်ရေးဝန်ကြီးဌာနရဲ့လမ်းညွှန် ညွှန်ကြားမှုနဲ့ဖွဲ့စည်းထားတဲ့တပ်ရင်းတစ်ခုဖြစ်တဲ့အတွက် ဝန်ကြီးဌာနကချမှတ်ထားတဲ့ လမ်းညွှန်ချက်စည်းကမ်းချက်တွေကို ရှေ့တန်းသွားတဲ့အခါမှာ ပြည်သူလူထုကို စောင့်ရှောက်ရမှာတွေ အသေးအဖွဲကိစ္စက ဂရုစိုက်ရမဲ့အချက်အလက်တွေ ဒါမျိုးအသေးအဖွဲ့ကိစ္စကအစ တပ်ရင်းမှူးကိုယ်တိုင်ကမှာထားတာတွေရှိပါတယ်ခင်ဗျ။" ဟု ၎င်းကဆက်လက်ပြောပါတယ်

ယင်းအခမ်းအနားကို ဒီဇင်ဘာလ ၇ ရက်နေ့ နံနက် ၇ နာရီက ပြုလုပ်ခဲ့ပြီ PDF အဓိဌာန် ၄ ချက် ရှိကြောင်းသိရပါတယ်။

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10