သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းဒေသကြီးအခြေစိုက်၊ အထူးကွန်မန်ဒိုတပ်ရင်း တောင်ပိုင်းတိုင်း ရိုးမစစ်ကြောင်း ၂ အနေနဲ့ အခြေပြုရာ မြို့နယ်အပါအဝင် စစ်ကြောင်းရောက်ရှိရာနေရာတွေမှာ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို ပြည်သူတွေနဲ့အတူ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ ရိုးမစစ်ကြောင်း ၂ ထံက သိရပါတယ်။
လူထုစည်းရုံးရေးတရပ်အနေနဲ့ ပြည်သူတွေရဲ့ လိုအပ်ချိန်ကို နိုင်တဲ့အားနဲ့ ဝိုင်းဝန်းကူညီထောက်ပံ့တာ၊ လုပ်အားအနေနဲ့ ပါဝင်ကူညီတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
"ကျနော်တို့က ၂၀၂၂ လောက်ကတည်းက ရွာတွေကို နယ်မြေလုံခြုံရေးထွက်တိုင်း၊ ရွာတွေမှာ တပ်ချအခြေပြုတိုင်း သူတို့လိုအပ်တာတွေကို နိုင်သလောက်ဝိုင်းလုပ်ပေးခဲ့ပါတယ်။ ပြည်သူလိုအပ်တာကိုလုပ်ပေးမှ ပြည်သူကလည်း ကျနော်တို့အဖွဲ့တွေအပေါ် ပိုမိုယုံကြည်လာမှာပါ။ ပြည်သူယုံကြည်မှ ကျနော်တို့လုပ်ငန်းကလည်း ပိုအောင်မြင်လာမှာ" လို့ ရိုးမစစ်ကြောင်း ၂ တာဝန်ခံက ပြောပါတယ်။
ပြည်သူအကျိူးပြုလုပ်ငန်းတွေဖြစ်တဲ့ လမ်းတံတားပြုပြင်တာ၊ ကလေးငယ်တွေအတွက် ကျောင်းသုံးစာရေးကိရိယာတွေရရှိဖို့ NUG နဲ့ ချိတ်ဆက်ဆောင်ရွက်ပေးတာ၊ စားဝတ်နေရေးခက်ခဲမှုရှိတဲ့ ပြည်သူအချို့ကို စစ်ကြောင်းရိက္ခာထဲက ခွဲဝေထောက်ပံတာတွေ လုပ်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ရိုးမစစ်ကြောင်း ၂ ဖွဲ့စည်းပြီးတဲ့ ၂ နှစ်ဝန်းကျင်ကာလအတွင်း ပြည်သူ့ အကျိုးပြု လုပ်ငန်းတွေကိုတော့ ထန်းတပင်၊ ကျောက်ကြီးနဲ့ မုန်းမြို့နယ်ထဲက ကျေးရွာ ၂၀ လောက်မှာ လုပ်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
စာတည်း - နွေဦးငြိမ်းချမ်း
#မြေလတ်အသံ
#သတင်း #NUG #တောင်ပိုင်းတိုင်း #ရိုးမစစ်ကြောင်း #ပြည်သူအကျိုးပြု #ပညာရေး #ရိက္ခာ #လမ်းတံတား
Share Share Share