PDF တွေဦးဆောင်ပြုလုပ်တဲ့ မြိုင် ယမားချောင်းတံတားဖွင့်လှစ် (ရုပ်/သံ)

PDF တွေဦးဆောင်ပြုလုပ်တဲ့ မြိုင် ယမားချောင်းတံတားဖွင့်လှစ် (ရုပ်/သံ)

မြိုင်၊ မတ် ၁၈၊ ၂၀၂၄။

 

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းမှာ ယမားချောင်းကို ဖြတ်‌ဆောက်ထားတဲ့ အရှည်ပေ ၁၂၀ ရှိ အောင်မင်္ဂလာတံတားဖွင့်ပွဲ ပြုလုပ်ခဲ့ပါတယ်။

 

တံတားဖွင့်ပွဲကို မတ် ၁၇ ရက် မနက် ၈ နာရီခွဲမှာ ပြုလုပ်ခဲ့ပြီး ကာကွယ်ရေးအဖွဲ့ ၁၀၀ ဦးနဲ့ ဒေသခံပြည်သူ ၅၀၀၀ ခန့်တက်ရောက်ကြတယ်လို့ ဒေါင်းနက်နယ်စည်းမခြားပြောက်ကျားတပ်ဖွဲ့ ရဲဘော် ပေက ပြောပါတယ်။

 

သံကူကွန်ကရစ် အမျိုးအစား ပင်မတံတားအရှည် ပေ ၆၀၊ ချဉ်းကပ်လမ်း ပေ ၆၀ နဲ့ စုစုပေါင်း တံတားအရှည် ၁၂၀ ပေရှိပြီး ရံပုံငွေကိုတော့ မြိုင်နယ်နဲ့ ဆားလင်းကြီးနယ်က ဒေသခံရွာတွေက ထည့်ဝင်လှူဒါန်းသလို တပ်ရင်းရဲ့ ထည့်ဝင်လှူဒါန်းငွေတွေနဲ့ တည်ဆောက်ခဲ့တာလို့  ရဲဘော် ပေက ပြောပါတယ်။

 

ဖွင့်ပွဲမှာ PDF အရာရှိကြီးတဦးက အဖွင့်အမှာစကားပြောကြားကာ ယင်းမာပင်ခရိုင် ပအဖ အဖွဲ့ခေါင်းဆောင် နဲ့ ပုလဲမြို့နယ်အဖွဲ့ ခေါင်းဆောင်တို့ကလည်း စကားပြောခဲ့ကြတယ်လို့ သိရပါတယ်။

 

တံတားဖွင့်ပွဲကို ကာကွယ်ရေးအဖွဲ့က ၁၀၀ ဦးနဲ့ ရွာပေါင်း ၂၀ က ပြည်သူ ၅၀၀၀ နီးပါးတက်ကြတယ်လို့ ဆိုပါတယ်။

 

ဖွင့်ပွဲမှာ ထမင်းကျွေးသလို အငြိမ့်တွေ ဆိုင်းတွေနဲ့စည်ကားသိုက်မြိုက်စွာ ဖွင့်နိုင်ခဲ့ပြီး တံ‌တားဆောက်လိုက်တဲ့အတွက် ဒေသခံပြည်သူတွေရဲ့ လူမှု့စီးပွားဘဝတွေ ပိုမိုပြီးအဆင်ပြေလာမယ်လို့ ရဲဘော်ပေက ပြောပါတယ်။

 

 စာတည်း-နွေဦးငြိမ်းချမ်း၊ တည်းဖြတ်-HP

 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10