PDF ကိုထောက်ပံ့တယ်ဆိုပြီး အဖမ်းခံရသူ စစ်ကြောရေးမှာသေဆုံး

PDF ကိုထောက်ပံ့တယ်ဆိုပြီး အဖမ်းခံရသူ စစ်ကြောရေးမှာသေဆုံး

မကွေးတိုင်း၊ ချောက်မြိုက လင်မယား ၂ ဦးကို စစ်ကောင်စီတပ်သားတွေက PDF တွေကိုထောက်ပံ့တယ်ဆိုကာ ဖမ်းဆီးသွားခဲ့ပြီးနောက် အမျိုးသားဖြစ်သူကတော့ စစ်ကြောရေးမှာသေဆုံးခဲ့တယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်မှာ တမာတန်းရပ် အမှတ် ၅ ရပ်ကွက်နေ ကိုကျော်မိုး အသက် ၅၀ နဲ့ ဇနီးဖြစ်သူ မတင်မာတို့ကို စစ်ကောင်စီတပ်တွေက အင်အား ၂၀ ကျော်နဲ့ နေအိမ်မှာလာဖမ်းသွားပြီး စစ်ဆေးနေခဲ့တာလို့ ချောက်မြို့နယ်ပြည်သူ့ကာကွယ်‌ရေးအဖွဲ့မှ တာဝန်ရှိသူ ကိုပြူးကြီးက ပြောပါတယ်။
 
“အမျိုးသားကတော့ စစ်ကြောရေးမှာ စစ်ဆေးရင်းနဲ့လက်လွန်သွားပြီး သေဆုံးတယ်၊ မနေ့ကညနေမှာ သင်္ဂြိုလ်လိုက်တယ်၊ အမျိုးသမီးကတော့ စစ်ကြောရေးအချုပ်ထဲမှာပဲ ရှိသေးတယ်၊ စစ်ကြောရေးလုပ်တဲ့နေရာက ဗိုလ်အိမ်လုံးတွေထဲမှာ လုပ်တာ” လို့ ဆက်ပြောပါတယ်။
 
ချောက်မြို့ တံတားထိပ်က ဒေသခံအခေါ် ဗိုလ်အိမ်လုံးဆိုတဲ့နေရာမှာ စစ်ကြောရေးလုပ်ခဲ့တာဖြစ်ပြီး၊ စစ်ကောင်စီတပ်တွေရဲ့ စစ်ဆေးရေးဒဏ်ကြောင့် ကိုကျော်မိုးမှာ မနေ့မနက်ပိုင်းက သေဆုံးခဲ့ပြီး၊ သူ့ရဲ့အလောင်းကိုလည်း စစ်ကောင်စီဘက်ကပဲ သင်္ဂြုလ်ပေးခဲ့တယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလပိုင်းကလည်း ချောက်မြို့၊ ပတ္တမြားရပ်ကွက်က မိသားစုဝင် ၄ ဦးကိုလည်း PDF ကိုထောက်ပံ့တယ်ဆိုကာ စစ်ကောင်စီတပ်တွေက ဖမ်းဆီးခဲ့ပါသေးတယ်။
 
 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10