သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ဒီဇင်ဘာလ ၁၂ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီရေယာဥ်ကို KPDF-၊ KLG PDF၊ DRPA ညီနောင်မဟာမိတ်အဖွဲ့တွေပူးပေါင်းပြီး ရေမြုပ်မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီရေယာဥ်ဟာ ဒီကနေ့မပိုင်းက မဲဒင်ရွာ ကျွန်းခုံအနီးမှာ နစ်မြုပ်သွားတယ်လို့ Kani People's Defense Force- KPDF-1ခေါင်းဆောင် ကိုဂျီက မြေလတ်အသံကို ပြောပါတယ်။
"မနေ့က မိုင်းခွဲတာဟာ ဝမ်းဗိုက်ပေါက်ပြီးမှ ဒီနေ့မှ နစ်မြုပ်တာပါ။ စစ်ကောင်စီတပ်ဖွဲ့အင်အား ၂၀၀ ကျော်လောက်ပါ ပါတယ်။ မနေ့က ၁၂ နာရီဝန်းကျင်လောက်မှာ မိုင်းဆွဲတိုက်ခိုက်တာပါ။ မဲဒင်ရွာ ကျွန်းခုံပေါ်တဲ့နေရာမှာနစ်မြုပ်သွားတာ၊ သေဆုံးမှုတော့ အတိအကျမသိရသေးပါဘူး။ဒဏ်ရာရတဲ့သူကတော့ များတယ်။ ကျနော်တို့ Kani People's Defense Force- KPDF-1ဦးဆောင်ပြီး Kani People's Defense Force- KLG၊DRPA မဟာမိတ်အဖွဲ့တွေ ပူးပေါင်းမိုင်းဆွဲတိုက်ခိုက်တာပါ" လို့ သူကဆက်ပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်း ကနီဒေသမှာတော့ ပြီးခဲ့တဲ့ရက်ပိုင်ကပဲ သစ်ခိုးထုတ်လာတဲ့ ကား ၄ စီးကို ကနီ KPDF-1 ဖမ်းဆီးခဲ့သလို၊ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ တိုက်ပွဲထိတွေ့မှု မကြာခဏဖြစ်လေ့ရှိတဲ့ ဒေသတခုလည်းဖြစ်ပါတယ်။
#မြေလတ်အသံ
Share Share Share