PDF ထိန်းချုပ်ရပ်ကွက်ကို နယ်ကျွံလာတဲ့ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရလို့ ၄ ဦး သေဆုံးဟုဆို

PDF ထိန်းချုပ်ရပ်ကွက်ကို နယ်ကျွံလာတဲ့ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရလို့ ၄ ဦး သေဆုံးဟုဆို

မကွေးတိုင်း၊ ရေစကြိုမြို့၊ PDF ထိန်းချုပ်မြို့ပေါ် ရပ်ကွက်အတွင်း နယ်ကျွံစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger – MBT အဖွဲ့ဆီက သိရပါတယ်။

 

မတ်လ ၆ ရက်နေ့ မနေ့နေ့လည် ၁၁ နာရီလောက်မှာ အင်အား ၁၀၀ ဝန်းကျင်နဲ့ စစ်ကြောင်း ၃ ကြောင်း ခွဲကာ ဝင်ရောက်လာတာ ဖြစ်ပြီး အင်အား ၂၅ ယောက်ခန့် စစ်ကြောင်းဟာ PDF နယ်မြေ အမှတ် ၁ ထင်းတန်းရပ်ကွက်အတွင်း နယ်ကျွံလာချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ အဖွဲ့တာဝန်ခံ ဗိုလ်မိုက်ခဲက မြေလတ်အသံကို ပြောပါတယ်။

“ရုံးပေါင်းစုံနဲ့ ဆေးရုံမှာ တပ်စွဲထားတဲ့ကောင်တွေ စစ်ကြောင်း ၃ ကြောင်းခွဲပြီးတော့ ဝင်လာတာ။ ရေစကြို မြို့ အမှတ် ၁ ထင်းတန်းရပ်ကွက်က ကျနော်တို့အပိုင်စိုးမိုးထားတဲ့နယ်မြေ။ အဲ့ဒီစစ်ကြောင်း ၃ ခုထဲက အင်အား ၂၅ လောက်က နယ်ကျွံလာတဲ့အချိန် အသင့်ထောင်ထားတဲ့ မိုင်းကွင်းထဲ ကင်းသမားက ခွဲခဲ့တာ။ ၄ ယောက်သေဆုံးပြီး အများအပြား ဒဏ်ရာရတယ်”
လို့ ပြောပါတယ်။


မိုင်းဆွဲတိုက်ခိုက်မှုကြောင့် သေဆုံးတဲ့သူတွေကို သင်္ဂြိုလ်တာမျိုး မရှိသေးဘဲ ဒဏ်ရာရသူတွေကိုတော့ ရေစကြိုမြို့နယ် ဆေးရုံကြီးမှာ ပို့ဆောင်ထားတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေရဲ့ပြောဆိုချက်ကို ကိုးကားပြီး သူကဆက်လက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကလည်း ရေစကြိုမြို့၊ အမှတ် ၂ စည်ပင်သာယာရပ်ကွက် စုပေါင်းရုံးထဲမှာ တပ်စွဲနေတဲ့ စစ်အုပ်စုကို Myingyan Black Tiger(MBT) အဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10