PDF နဲ့ EROs တွေကို အမြစ်ပြတ်ချေမှုန်းမယ်လို့မပြောတော့ဘဲ လက်အောက်စစ်သားတွေ အသက်ပေးကာကွယ်ကြဖို့သာ စစ်ခေါင်းဆောင်တိုက်တွန်း

PDF နဲ့ EROs တွေကို အမြစ်ပြတ်ချေမှုန်းမယ်လို့မပြောတော့ဘဲ လက်အောက်စစ်သားတွေ အသက်ပေးကာကွယ်ကြဖို့သာ စစ်ခေါင်းဆောင်တိုက်တွန်း

ယမန်နှစ်တွေမှာ ပြောဆိုနေကျ PDF တွေနဲ့ထောက်ပံ့ပေးနေတဲ့ EAO တချို့ကို အမြစ်ပြတ်ချေမှုန်းမှာဖြစ်ကြောင်းကို ယနေ့ပြုလုပ်တဲ့ ၇၉ မြောက် တပ်မတော်နေ့မှာ ထည့်သွင်းပြောဆိုသွားတာမျိုး မရှိတာကို တွေ့ရပါတယ်။

ဒီကနေ့ပြုလုပ်တဲ့ ၇၉ နှစ်မြောက် တပ်မတော်နေ့မှာ အရင်နှစ်တွေမှာ ပြောခဲ့သလို PDF နဲ့ EROs တွေကို အမြစ်ပြတ်ချေမှုန်းမယ်လို့မပြောတော့ဘဲ လက်အောက်စစ်သားတွေ အသက်ပေးကာကွယ်ကြဖို့သာ စစ်ခေါင်းဆောင်က တိုက်တွန်းပြောဆိုခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ပြုလုပ်တဲ့ ၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ်တွေမှာကျင်းပတဲ့ ၇၇ နဲ့ ၇၈ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွေမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က PDF နဲ့ EROs တွေကို အမြစ်ပြတ်ချေမှုန်းမယ်လို့ ၂ နှစ်ဆက်တိုက် ထည့်သွင်းပြောဆိုခဲ့ပေမယ့် အခုနှစ်မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုတာမျိုး မတွေ့ရတာပါ။

ရှမ်းမြောက်ဒေသ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး၊ ကရင်နီဒေသ ၁၁၀၇ စစ်ဆင်ရေးနဲ့ AA တပ်ရဲ့ ရခိုင်ဒေသထိုးစစ်၊ KIA တပ်ရဲ့ ၀၃၀၇ စစ်ဆင်ရေးတွေမှာ နယ်မြေအများအပြားအပြင် အောက်လက်ငယ်သားတွေ သေတာ၊ အဖမ်းခံရတာ၊ လက်နက်ချတာနဲ့ စစ်တပ်စခန်းအများအပြားဆုံးရှုံးခဲ့ပြီးတဲ့နောက်မှာ အခုလို လေသံပြောင်းသွားခဲ့တာဖြစ်ပါတယ်။

အခုနှစ်မိန့်ခွန်းမှာတော့ NUG၊ PDF နဲ့ စစ်ကောင်စီကိုတော်လှန်နေတဲ့ EROs တွေနဲ့ ပတ်သက်ပြီး ဒီမိုကရေစီအမည်ခံ ပြည်တွင်းအဖျက်သမားတွေနဲ့ ပြည်ပလက်ဝေခံ အကြမ်းဖက်အဖွဲ့အစည်းတွေကို တိုက်ဖျက်ချေမှုန်းကြဖို့အပြင် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင်ပြီး နိုင်ငံတော်အတွက် အသက်ပေးဆောင်ရွက်ဖို့ကို သူ့ရဲ့ နိဂုံးချုပ်မှာ ထည့်သွင်းပြောဆိုသွားတာပါ။

အခုနှစ်ပြုလုပ်တဲ့ တပ်မတော်နေ့အခမ်းအနားကို ညပိုင်းမှာပြုလုပ်ခဲ့တာဖြစ်ပြီး သာမန်အတိုင်း မနက်ပိုင်းမပြုလုပ်ဘဲ ညပိုင်းပြုလုပ်တာဟာ စစ်ရေးပြအခမ်းအနားလေ့ကျင့်မှုအတွက် လုံလောက်တဲ့ လေ့ကျင့်ချိန်မရတာကြောင့်လို့ CDM တပ်မတော်သားတချို့က သုံးသပ်ပါတယ်။

“ ညဘက်လုပ်တော့ စစ်ရေးပြစကွက်(Squad)တွေ မညီတာကို မမြင်သာတော့ဘူးပေါ့။ တပ်မတော်နေ့စစ်ရေးပြကို ၁ လ လောက်ပဲကျင့်ပြီး ဖုတ်ပူမီးတိုက် လုပ်ရလို့ ညဘက်ပြောင်းလိုက်တာ” လို့ CDM တပ်မတော်သားတဦးက ပြောပါတယ်။

#မြေလတ်အသံ

#တပ်မတော်နေ့ #စစ်ရေးပြ #မင်းအောင်လှိုင် #အခမ်းအနား #မိန့်ခွန်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10