PDF သင်တန်းဆင်း ရဲဘော်တွေကို မြိုင်ပကဖ က လက်နက်တပ်ဆင်ပေး (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းက ရဲဘော် ၄၃ဦးကို မြိုင်ပကဖ က ဇန်နဝါရီ ၁၆ ရက်မှာ လက်နက်တပ်ဆင်ပေးခဲ့ပါတယ်။

အဲ့ဒီ ရဲဘော်တွေဟာ သင်တန်းပြီးဆုံးတာ ၂ လနီးပါးရှိခဲ့သလို သင်တန်းဆင်းပွဲကိုလည်း ဒီဇင်ဘာ ၁၉ ရက်မှာ လုပ်ခဲ့ပေမယ့် လက်နက်တပ်ဆင်ပေးတာကိုတော့ အခုလမှ လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

သင်တန်းတက်စဥ်က သင်တန်းသား ၈၀ ကျော်တက်ခဲ့ပေမယ့် စည်းကမ်းမကိုက်ညီတာ၊ ကျန်းမာရေးအခြေအနေတွေကြောင့် ရဲဘော် ၄၃ ဦးသာ ကျန်ရှိပြီး သူတို့ကို အခုလိုလက်နက်တပ်ဆင်ပေးခဲ့တာလို့ မြိုင်ပကဖတာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။

အခုတပ်ဆင်ပေးတဲ့ လက်နက်တွေဟာ ပြည်သူလူထုထောက်ပံ့လှူဒါန်းငွေနဲ့ ဝယ်ထားတဲ့လက်နက်တွေပါသလို လက်နက်နဲ့အတူ အလင်းဝင်လာတဲ့ စစ်သားတွေဆီကရတဲ့ လက်နက်အပြင် တိုက်ပွဲတွင်းရရှိခဲ့တာတွေလည်း ပါဝင်ပါတယ်။

တပ်ဆင်ပေးခဲ့တဲ့ လက်နက်တွေထဲမှာ AK၊ KA၊ M 16၊ G 3၊ G 4 အပါအဝင် အရံလက်နက်ကြီးတွေအနေနဲ့ RPG၊ စက်လတ် ၊ ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်းတို့ကို တပ်ဆင်ပေးခဲ့တာလို့ ဆိုပါတယ်။

လက်နက်ကိုင်တော်လှန်ရေး စတင်ချိန်ကနေ အခုလက်ရှိအချိန်အထိ မြိုင်ပကဖဆီမှာ သင်တန်းဆင်းသွားတဲ့ တိုင်းနဲ့ပြည်နယ်အချို့က ရဲဘော် အနည်းဆုံး ၄၅၀၀ ရှိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

တည်းဖြတ် - ဇို

#မြေလတ်အသံ

#သတင်း #ရုပ်သံ #မြိုင်ပကဖ #သင်တန်းဆင်း #ရဲဘော် #လက်နက် #တပ်ဆင် #တော်လှန်ရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10