PDF သတင်းကို ဘုန်းကြီးယောင်ဆောင်သတင်းယူနေတဲ့ တပ်ကြပ်ကြီး ၁ ဦးကို အသွင်ယူပြီးပြန်ဖမ်း

PDF သတင်းကို ဘုန်းကြီးယောင်ဆောင်သတင်းယူနေတဲ့ တပ်ကြပ်ကြီး ၁ ဦးကို အသွင်ယူပြီးပြန်ဖမ်း

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ မြင်းတဲကြီးကျေးရွာလမ်းဆုံမှာ PDF အဖွဲ့တွေရဲ့သတင်းကို ဘုန်းကြီးယောင်ဆောင်ပြီး သတင်းယူနေတဲ့ စစ်ကောင်စီအဖွဲ့ဝင် တပ်ကြပ်ကြီး ၁ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ နတ်မောက်ဂဠုန်တပ်ဖွဲ့ဆီက သိရပါတယ်။

မတ် ၂၂ ရက် ည ၈ နာရီခန့်မှာ တဦးတည်း အရပ်ဝတ်နဲ့လမ်းလျှောက်လာတဲ့ တနိုင်း ခလရ ၈၆ က တပ်ကြပ်ကြီးစာရေး ဦးမြင့်ဦး အသက် ၅၈ နှစ် ဆိုသူကို ​ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

"သူက ဘုန်းကြီးဝတ်စုံဝတ်လိုက်။ လူဝတ်စုံဝတ်လိုက်နဲ့ နတ်မောက်တကြောမှာ တယောက်တည်းသွားလာပြီး သတင်းစုံစမ်းနေတာ။ ကျနော်တို့ကလည်း သတင်းရလို့ စကစ ပုံစံအသွင်ယူပြီး သူကိုတွေ့တဲ့အချိန်မေးမှ စကစ တပ်ကမှန်းသိရတာ"လို့ နတ်မောက်ဂဠုန် PDF တာဝန်ခံ ဗိုလ်အောင်ဒင်ကပြောပါတယ်။

သူ့ကိုဖမ်းဆီးရမိချိန်မှာတော့ ဖုန်းတလုံးကိုသာတွေ့ရပြီး ဖုန်းထဲမှာလည်း အချက်အလက်တွေစစ်ဆေးလို့မရအောင် ဖျက်ဆီးထားတယ်လို့ဆိုပါတယ်။

အဲ့ဒီ တပ်ကြပ်ကြီးစာရေးဟာ နတ်မောက်အနီးက မှန်းခြေတောင်ပေါ်မှာ တယောက်တည်းနေထိုင်ပြီး တော်လှန်ရေးအဖွဲ့တွေရဲ့ သတင်းကိုစုံစမ်းနေသည်မှာ နှစ်နှစ်ကျော်နေပြီးဖြစ်သလို နတ်မောက်မြို့လုံခြုံရေးတာဝန်ခံဆောင်ရွက်နေတဲ့ စစ်ကောင်စီက အရာရှိတဦးနဲ့လည်း အမြဲတမ်းအဆက်အသွယ်ရှိနေသူဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဖမ်းမိထားတဲ့ တပ်ကြပ်ကြီးစာရေးကို နတ်မောက်ဂဠုန်တပ်ဖွဲ့က စစ်သုံ့ပန်းဥပဒေနဲ့အညီ ဖမ်းဆီးထိန်းသိမ်းစစ်ဆေးနေပြီး သူနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေဆီ တင်ပြကာ ညွှန်ကြားချက်အတိုင်းလုပ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

၂၀၂၃ ဩဂုတ် ၂၅ ရက်ကလည်း နတ်မောက်မြို့နယ်၊ ဆည်လည်ကျေးရွာက ရွာသားတွေကြောက်အောင် စစ်တပ်ခေါ်ခြိမ်းခြောက်တဲ့ ဆည်လည်ကျေးရွာ အုပ်ချုပ်ရေးမှူးဆိုသူ ပစ်ခတ်ရှင်းလင်းခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - ဇို

#မြေလတ်အသံ

#PDF #သတင်း #ဘုန်းကြီး #အယောင်ဆောင် #အသွင်ယူ #စုံစမ်း #ဖမ်းဆီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10