သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြိုနယ်မှာ စစ်ကောင်စီကို ဇူလိုင် ၈ ရက်က တိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်းအမှတ် ၄၊ NPDF တပ်ဖွဲ့ထံက သိရပါတယ်။
အဲ့ဒီ စစ်ကောင်စီစစ်ကြောင်းက PDF ၅ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
မြင်းခြံမြိုနယ်နဲ့ နွားထိုးကြီးမြို့နယ်နယ်စပ် ယုန်ထိုးရွာနဲ့ ပဲကြီးခင်းရွာ ကြားနေရာမှာ ကင်းပုန်းဝပ်နေတဲ့အင်အား ၅၀ ခန့်ရှိစစ်ကြောင်းကို မနက် ၁၁ နာရီခန့်က မြေပြင်ရော ဒရုန်းနဲ့ပါတိုက်ခိုက်ခဲ့ရာ စစ်သား၂ ဦးသေဆုံးခဲ့တယ်လို့ Natogyi People Defence Force NPDF တာဝန်ခံဗိုလ်လင်းယုန်က မြေလတ်အသံကို ပြောပါတယ်။
" ဧပြီလကတည်းက မြို့နယ်နှစ်ခုကြားမှာ သူတို့က စစ်ကြောင်းပတ်သွားနေကြတာ။ သူတို့ကင်းပုန်းဝပ်နေတဲ့အချိန် စနိုက်ပါနဲ့ပစ်ခဲ့တယ်။ စစ်သား ၂ ယောက်လဲကျပြီး သေသွားတယ်။ ဒဏ်ရာရတဲ့သူတွေရှိပေမယ့်အတိ အကျမသိရသေးပါဘူး ။ ကျနော်တို့ ဒရုန်းတစင်း Jammer ကြောင့်ပျက်စီးခဲ့ရတယ်" လို့ဗိုလ်လင်းယုန်ကပြောပါတယ်။
တိုက်ပွဲမှာသေဆုံးသွားတဲ့စစ်သား ၂ ယောက်ကိုလည်း နောက်တနေ့မှလာရောက်သယ် ဆောင်သွားတာကို သိရပါတယ်လို့သူကဆက် ပြောပါတယ်။ အဲဒီလို စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးမှုကိုတော့ မြေလတ်အသံအနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက် ည ၈ နာရီအချိန်က ယုန်ထိုးရွာနားမှာ စစ်ကောင်စီတပ်ဖွဲ့တွေက ကင်းပုန်းဝပ် ချောင်းမြောင်းနေကြစဉ် ပြည်သူ့ကာကွယ်ရေးရဲဘော် PDF. ၅ ဦး တိုက်ခိုက်ဖို့ လာရောက်ချိန် နောက်ကျောဘက်ကနေပြီး၊ ပစ်သတ်ခဲ့လို့ ပြန်လည် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ပုံစာ - ဇူလိုင်လ ၈ရက်မနက်ပိုင်းက စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်နေပုံ။
#မြေလတ်အသံ
#မန္တလေးတိုင်း #မြင်းခြံ #နွားထိုးကြီးမြို့နယ် #NPDF #တိုက်ခိုက်မှု #စစ်ကောင်စီ
Share Share Share