PDF ကပစ်ခတ်လို့ ကျေးရွာမီးရှို့ပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံး

PDF ကပစ်ခတ်လို့ ကျေးရွာမီးရှို့ပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ထဲကကျေးရွာတွေကို မီးရှို့ဖျက်ဆီးလာတဲ့ စစ်ကောင်စီ ၊ ပျူစောထီးတပ်ဖွဲ့ နဲ့ MDF- Hydra Force တပ်ဖွဲ့၊ NCG (မြောက်ပိုင်းမဟာမိတ်)တပ်ဖွဲ့တို့ ပူးပေါင်းပြီးထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၂၃ ရက်မနေ့ကနေ့လယ် ၁၁ နာရီကျော်လောက်မှာ အင်အား၁၅၀ကျော်နဲ့ စစ်ကောင်စီ၊ ပျူစောထီးတပ်ဖွဲ့တွေက အောင်သာယာရွာကို သွားဖို့အတွက် ကာဘိုးမူး(ဆည်မြောင်း) ကနေတဆင့် ကူးနေစဉ်မှာ MDF-Hydra Force ပူးပေါင်းတပ်ဖွဲ့တို့နဲ့ ထိတွေ့ပစ်ခတ်မှု ၄၇ မိနစ်ကြာဖြစ်သွားပြီး စစ်ကောင်စီတပ်ဖွဲ့မှ ၂ ဦး သေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

“၂၁ ရက်နေ့မှာ ငတန်းရွာကို စပြီးဝင်တယ်။ ငတန်းရွာမှာက အိမ်ခြေ ငါးရာကျော်ရှိတာကို သူတို့က မီးရှို့သွားတာ တရာကျော်ပဲကျန်ခဲ့တော့တယ်။ အဲဒီကနေစပြီး ရွှေလံ၊ တပ်သစ်၊ ရွာဘူကြီး၊ ကလဇင်၊ ပေကုန်း၊ စည်းမရွာတွေကိုပါ မီးရှို့သွားတယ်။ အိမ်ခြေဘယ်လောက်ပါသွားလဲဆိုတာတော့ မသိရသေးဘူး။ မနေ့က ထိတွေ့ပစ်ခတ်မှုမှာလည်း ပျူတွေက ပိုများတယ်” လို့ MDF-Hydra Force တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ထိတွေ့တိုက်ပွဲဖြစ်ပွားနေချိန်မှာ စစ်ကောင်စီ၊ ပျူစောထီးတပ်ဖွဲ့တို့က စက်လက်နက် ၊ RPG ၊ ၆၀(မမ) လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့လည်း ပြည်သူ့ကာကွယ်ရေးရဲဘော်များက အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ယခုလက်ရှိအချိန်မှာတော့ စစ်ကောင်စီ၊ ပျူစောထီးတပ်ဖွဲ့တို့က ပျူရွာဖြစ်တဲ့ အောင်သာယာကျေးရွာမှာပြန်လည်စခန်းချ တပ်စွဲထားတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10