သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
"ပုလဲမြို့ပေါ်မှာ ထွေအုပ်ရုံးတောင် ရုံးလုပ်ငန်း ဘာမှ မလုပ်နိုင်တော့ဘူး။ အဲဒါဆို မှန်းကြည့်ပေါ့ဗျာ၊ သူတို့အုပ်ချုပ်ရေးယန္တရား ဘယ်လောက်စုတ်ပြတ်သွားပြီဆိုတာ"
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထူထောင်ဖွဲ့စည်းခြင်း ၂ နှစ်ပြည့်ခဲ့ပါပြီ။ ဒီကာလအတွင်းမှာ PDF အဖွဲ့တွေရဲ့ စစ်ရေးစွမ်းရည်၊ တိုက်ခိုက်ရေးစွမ်းရည် ပြည့်ဝမှု၊ ဒေသတွင်း နယ်မြေစိုးမိုးနိုင်မှု၊ နယ်မြေထိန်းချုပ်နိုင်မှု၊ ၂ နှစ်ကာလအတွင်းမှာ လက်နက်ကိုင်တော်လှန်ရေးရဲ့ အောင်မြင်မှု၊ နွေဦးတော်လှန်ရေး အဆုံးသတ်အောင်ပွဲရဖို့ ဘာတွေလိုအပ်မလဲ စတာတွေနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်း၊ ပုလဲဒေသမှာ အခြေစိုက်တဲ့ မြန်မာ့တော်ဝင် နဂါးတပ်တော်ခေါင်းဆောင် ဗိုလ်နဂါးကို မြေလတ်အသံသတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။