PDF အဖြစ်စွပ်စွဲခံရသူရဲ့ မိဘပိုင် စားသောက်ဆိုင်နဲ့ တိုက်ကို စစ်ကောင်စီ ဖျက်ဆီးချိတ်ပိတ်

PDF အဖြစ်စွပ်စွဲခံရသူရဲ့ မိဘပိုင် စားသောက်ဆိုင်နဲ့ တိုက်ကို စစ်ကောင်စီ ဖျက်ဆီးချိတ်ပိတ်

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ပေါ်ရှိ Power 9 စားသောက်ဆိုင်ပိုင်ရှင်သားရဲ့ကို PDF ဆိုပြီး ဒီဇင်ဘာလ ၁၁ ရက်နေ့နံနက် ၁၀ နာရီခန့်က စစ်ကောင်စီအဖွဲ့တွေ လာရောက်ပြီး ဆိုင်အတွင်းပစ္စည်းတွေကို ဖျက်ဆီးကာ ဆိုင်ကိုချိတ်ပိတ်ပြီး ပစ္စည်းတွေကို သိမ်းယူသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

အဲဒီအပြင် နေအိမ်တိုက်ကို တပါတည်းချိတ်ပိတ်သွားကြောင်း၊ စလင်းမြို့ ခလရ-၂၅၃ နဲ့ ၂၅၄ စစ်သားတွေနဲ့ ဆင်ဖြူကျွန်းရဲစခန်းက ရဲတပ်ဖွဲ့ဝင် အင်အား ၂၀ ခန့်နဲ့ လာရောက်ဖျက်ဆီး သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

"စစ်ကားတွေကော ရဲကားတွေကော ဆိုင်ရှေ့မှာအများကြီးဗျ၊ စစ်ကားကို ၅ စီး‌‌​ လောက်ပါတယ်။ ဆိုင်ပိုင်ရှင်ရဲ့သားက PDF အဖွဲ့ဝင်ဆိုပြီး ဆိုင်ကိုချိတ်ပိတ်ဖို့လာတာတဲ့။ အဲဒီကလေးကအဲလိုမဟုတ်ပါဘူး၊ မ‌​ကွေးတက္ကသိုလ်ကျောင်းသားပါ၊ အဲဒီကလေးကအိမ်မှာ မရှိတာကြာပါပြီ၊ အရင်ကလည်း တခါလာပြီးစစ်သေးတယ်။ အဲဒီတုန်းကလည်း ဆိုင်ပိုင်ရှင်ကို သေနတ်ဒင်နဲ့ခေါင်းကိုရိုက်လို့ ၃ ချက်ချုပ်လိုက်ရတယ်။ ဆိုင်ပိုင်ရှင်ရဲ့အမျိုးသမီးကိုလည်း ပါးတွေရိုက်သွားကြတယ်၊ ခုဟာက စိုးလွန်းတယ်ဗျ" လို့ မြို့ခံတဦးက ပြောပါတယ်။

ဆိုင်အတွင်း တန်ဖိုးရှိ ပစ္စည်းများကို ရစရာမရှိအောင် ဖျက်ဆီးသွားမှုကြောင့် တန်ဖိုးများစွာဆုံးရှုံးကြောင်း စွပ်စွဲခံရသူလူငယ်ကို မိဘများက အမွေပြတ်စွန့်လွတ်ကြောင်း ကြေညာထားခံရပြီး မိဘများကိုယ်တိုင်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း မြို့ခံတွေဆီက သိရပါတယ်။ 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10