ခင်ဦးနယ်မှာ စစ်တပ်ရဲ့လက်နက်ကြီးမှန်လို့ အမျိုးသမီးနဲ့ ကလေးငယ်အပါ ၃ ဦး သေဆုံး
"အခုကမြေပြင်စစ်ကြောင်းမှာ စစ်တပ်ကအရေးနိမ့်တဲ့အတွက် စစ်ကြောင်းကိုအသင့်တင့်ပဲထိုးပြီးတော့ အဝေးကနေပဲ လက်နက်ကြီးနဲ့ ကျေးရွာတွေကိုလှမ်းပစ်နေတာ" လို့ စစ်ရှောင် ကူညီထောက်ပံ့ရေးလုပ်နေတဲ့ Khin Oo Support Organization-KSO အဖွဲ့တာဝန်ခံ ဗိုလ်လင်းရောင်က ပြောပါတယ်။