တောင်တွင်းနဲ့ ကလေးဝ နယ်ခြားဖြတ်ကျော် ဆန်၊ စပါးရောင်းချခွင့် ပိတ်ထားလို့ အခက်အခဲကြုံနေရတယ်လို့ဆို
"ကျနော်တို့ တောင်သူ၊ လယ်သမားတွေမှာ လယ်ယာရိတ်သိမ်းစရိတ်အတွက် ပေးချေဖို့ လိုတယ်။ ပြီးတော့ လာမယ့်ရာသီအတွက် စိုက်ပျိုးစားရိတ်တွေကို ဝယ်ယူစုဆောင်းဖို့ လိုတယ်။ ဒါတွေကို ဆန်၊ စပါးတွေ ရောင်းချလို့ ရတဲ့ပိုက်ဆံနဲ့ ဝယ်ရမှာ။ အခုက ကျနော်တို့ရောင်းချဖို့ သွားလာခွင့် ပိတ်ခံထားရတယ်" လို့ ဆိုပါတယ်။