တပတ်အတွင်း မြေလတ်သတင်း
- အင်တာနက်လိုင်းအသုံးပြုဖို့ ခက်ခက်ခဲခဲကြိုးစားနေကြရတဲ့ ပြည်သူတွေ - ဝေါက လူငယ် ၄ ဦးကို PDF နဲ့ဆက်စပ်တယ်ဆိုပြီး စစ်ကောင်စီဖမ်းဆီး - မကွေးတိုင်းရေနံချောင်းနဲ့ နတ်မောက်မြို့တို့မှာ ဒေသခံတွေကို စစ်မှုထမ်းခိုင်းဖို့အတွက် စစ်ကောင်စီက အဓမ္မလုပ်ဆောင်လာတဲ့ သတင်း - မင်းတန်းရွာ ညသန်းခေါင်ချိန်လေယာဉ်နဲ့ဗုံးကြဲခံရပြီး နွား ၄ ကောင်သေပြီး နေအိမ် ၂၀ ကျော်ပျက်စီး - မကွေးမှာ ကျူးကျော်ဆိုပြီး နေအိမ် ၂၅၀ ကျော်ကို ၁ လအတွင်း မဖယ်ရှားပါက အင်အားသုံးမယ်လို့ ခြိမ်းခြောက် - အပူဒဏ်နဲ့ ဖျက်ပိုးကြောင့် ပြောင်းအထွက်နှုန်း ထက်ဝက်နီးပါးကျဆင်းလို့ တောင်သူတွေအရှုံးပေါ်နေ - စစ်ရှောင်ကလေးငယ် ၁၈၀ ကျော်စာသင်နေတဲ့ "သုည" Federal School လေကြောင်းနဲ့ ဗုံးကြဲခံရ