ကစွန်းမရဲစခန်း စီးနင်းတိုက်ခိုက်ခံရလို့ စစ်အုပ်စုဘက်က ၇ ဦးသေ ၁၅ဦး ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင် ဆိပ်ဖြူမြို့နယ် ကစွန်းမရဲစခန်းကို ဒီဇင်ဘာလ ၄ ရက်မနက် ၆ နာရီမှာ ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ Myanmar Defence Force (MDF) တပ်ဖွဲ့ဆီက သိရပါတယ်၊ 

စစ်သား၊ ရဲ နဲ့ ပျူစောထီး အပါအဝင် အင်အား ၆၀ ဦးဝန်းကျင်ရှိတဲ့ ကစွန်းမရဲစခန်းထဲကို   ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး စစ်သာ ၅ ဦး၊ ရဲ ၂ဦး သေဆုံးကာ ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ MDF တာဝန်ခံဆီက သိရပါတယ်။

 ၂ နာရီအကြာ အပြန်အလှန်ပစ်ခတ်မှုမှာ ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ကစွန်းမ ရဲစခန်းထဲအထိ ဝင်ရောက်စီးနင်းကာ နယ်ထိန်းအိမ်အပါအဝင် စစ်အုပ်စုလိုင်းခန်းတွေပါ ဖျက်ဆီး မီးရှို့နိူင်ခဲ့ပြီး စခန်းသိမ်းခါနီးမှာ စစ်ကောင်စီရဲ့ ကပစကနေ ကား ၂စီးနဲ့ အပြင် ခြေလျင် အင်အား၁၅၀ ဝန်းကျင် စစ်ကူရောက်လာလို့ ပူးပေါင်းအဖွဲ့တွေ အထိအခိုက်မရှိ ပြန်ဆုတ်လာခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို  ပခုက္ကူခရိုင်အမှတ် (၄၊၁၁၊၁၉) တပ်ရင်းများ၊ မင်းဘူးခရိုင်အမှတ် (၁၊၂၊ ၄၊ ၅၊ ၆၊ ၇) တပ်ရင်းများ၊ Myanmar Defence Force (MDF)၊ ချောက် PDF သခင်ဖိုးလှကြီး တပ်ခွဲတို့က ပူးပေါင်းဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ 

ရုပ်သံတည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မကွေး #ဆိပ်ဖြူ #ကန်ဇွန်းမရဲစခန်း #စီးနင်းခံရ #တိုက်ပွဲ #ထိခိုက် #စစ်သား #ရဲ #ပျူစောထီး #မြေလတ်ရုပ်သံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10