Zay Yar

“၂ ရက်အတွင်းကတော့ လာရောက်လျှောက်တဲ့သူ ၂၀၀ ကျော်လောက်ရှိပါတယ်” (အင်တာဗျူး)

ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက ပြဌာန်းပြီးတဲ့နောက် BLDF မှ တပ်သားသစ်တွေခေါ်ယူနေတာနဲ့ပတ်သက်လို့ BLDFရဲ့ စစ်ဒေသ (၁) စစ်ရေးတာဝန်ခံ ရဲဘော်ဂျွန်ကို မြေလတ်အသံက ဆက်သွယ်မေးမြန်းထားပါတယ်။

“အခုအချိန်မှ တော်လှန်ရေးထဲကို ပါဝင်လာလို့ စိုးရိမ်၊ ကြောက်ရွံ့၊ အားနာတာမျိုးတွေ မခံစားစေဖို့ တိုက်တွန်းလိုတယ်။” (အင်တာဗျူး)

အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုမထမ်းမနေရဥပဒေကျင့်သုံးတာကို ပြည်သူတွေအနေနဲ့ ပေါ့ပေါ့ဆဆမတွေးဖို့နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထဲဝင်ဖို့ကို တွန့်ဆုတ်မနေဖို့ ပြည်သူ့လွတ်လပ်ရေးတပ်တော် (People Independence Army – PIA ) ရဲ့ တာဝန်ခံ ကိုမိုးနေလက ပြောပါတယ်။

စစ်မှုမထမ်းမနေရ ဥပဒေအပေါ် မြေလတ်ဒေသက PDF ခေါင်းဆောင်တွေဘာပြောလဲ အင်တာဗျူး( ရုပ်/သံ)

စစ်ကောင်စီက စစ်မှုထမ်းဥပဒေကိုအသက်သွင်းလိုက်တဲ့ အပေါ်မှာ သူတို့အမြင်၊ စစ်မှုထမ်းဥပဒေနဲ့ကိုက်ညီတဲ့သူတွေနဲ့ လူငယ်တွေကို သူတို့ပေးတဲ့ အကြံပြုစကား၊ PDF ထဲဝင်ချင်သူတွေအတွက် ပြင်ဆင်ထားပုံတွေနဲ့ အကယ်၍ ရှေ့တန်းစစ်မြေပြင်မှာ ထိပ်တိုက်ဆုံတွေ့ခဲ့ရင် ဘာတွေလုပ်ကြရမလဲ ဆိုတာတွေကို ပြောဆိုထားကြပါတယ်။

ဇရပ်ကြီးတိုက်ပွဲကျဆုံးမှု တော််ဝင်ဒေါင်းစစ်ကြောင်းက ရဲဘော် ၄ ဦးပါဝင်၊ စစ်ရေးတင်းမာနေဆဲ

ဇရပ်ကြီးတိုက်ပွဲမှာ လေကြောင်းတိုက်ခိုက်ခံရမှုအပါအဝင် တိုက်ပွဲတွေအတွင်း KNLA ပူးပေါင်းတပ်တွေဘက်က တပ်ဖွဲ့ဝင် ၂၀ နီးပါးကျဆုံးခဲ့တယ်လို့ မြေပြင်ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရှိရပြီး အဲ့ဒီထဲမှာ တော်ဝင်ဒေါင်းစစ်ကြောင်းက ရဲဘော် ၄ ဦး ကျဆုံးခဲ့တာပါ။

သောက်သုံးရေအခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့ အညာက စစ်ရှောင်တွေ (ရုပ်/သံ)

မကွေးတိုင်း၊ ဧရာဝတီမြစ်အနောက်ခြမ်း၊ ဆိပ်ဖြူမြို့နယ်ထဲက စစ်ဘေးရှောင်ပြည်သူတွေ သောက်သုံးရေရရှိနိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးစားနေကြရပါတယ်။

ပဲခူးအရှေ့က ဗျူဟာမြောက်စစ်ကြောင်းတွေကို စစ်ဘက်သုံးပစ္စည်းတွေထောက်ပံံ

"ဦးထုပ်၊ ကျည်ကာပြား၊ ကျည်ကာအင်္ကျီ သုံးခုပါ တစ်စုံ ရဲဘော်တစ်ယောက်စာကို ၂၁၃ ယောက်စာရသွားတယ်။ လုပ်တာက ၂၀၀ စာလုပ်တာ ကျော်လွန်ပြီး ၂၁၃ ယောက်စာရတာပါ။"

ကစွန်းမရဲစခန်း စီးနင်းတိုက်ခိုက်ခံရလို့ စစ်အုပ်စုဘက်က ၇ ဦးသေ ၁၅ဦး ဒဏ်ရာရ (ရုပ်/သံ)

စစ်သား၊ ရဲ နဲ့ ပျူစောထီး အပါအဝင် အင်အား ၆၀ ဦးဝန်းကျင်ရှိတဲ့ ကစွန်းမရဲစခန်းထဲကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး စစ်သာ ၅ ဦး၊ ရဲ ၂ဦး သေဆုံးကာ ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ MDF တာဝန်ခံဆီက သိရပါတယ်။

ခေတ်ပျက်မှာ စီးပွားဖြစ်သွားတဲ့ ပြည်မြို့က ဆီလုပ်ငန်းရှင်

စားအုန်းဆီပေပါ တလုံးအတွက် အမြတ်ငွေ ကျပ် ၃ သိန်းရရှိပါက ၂ နှစ်စာ ဆီပေပါပေါင်း ၂၄,၀၀၀ အတွက် ရရှိမယ့်အမြတ်ငွေဟာ ကျပ်သိန်းပေါင်း ၇၀,၀၀၀ ကျော်ရှိတယ်လို့ ပြည်မြို့က စီးပွားရေး လုပ်ငန်းရှင်တဦးက ပြောပါတယ်။

ကပစ ၂၀ လက်နက်ထုတ်စက်ရုံ ၆၀ မမ Rocket တွေနဲ့ပစ်ခံရလို့ စက်ရုံဝန်းမီးလောင်နေ

"ထိခိုက်ပျက်စီးမှု အခြေအနေတွေကတော့ အသေးစိတ် မသိရသေးပါဘူး။ မြေပြင် သတင်းပေးပို့မှုတွေအရတော့ စက်ရုံဝန်းနဲ့ စက်ရုံအဆောက်အဦတွေကို ထိမှန်ခဲ့တယ်။"

၁၀၂၇ စစ်ဆင်ရေးအောင်မြင်ဖို့ အညာပြည်သူတွေ ဆုတောင်းသပိတ်လုပ်

"ပြည်သူ့ဘက်က ရပ်တည်တဲ့ ဘယ်စစ်ဆင်ရေးကိုမဆို ကြိုဆိုပါတယ်။ ပရိုကျပြီးစစ်ရေးပြည့်ဝတဲ့ လက်နက်ကိုင်အဖွဲ့တွေက ပြိုင်တူအုံကြွလိုက်တော့ ကျနော်တို့ စစ်ကိုင်းတိုင်း အညာဒေသကအဖွဲ့တွေ ပြည်သူတွေ အသက်ရှူချောင်လာတာပေါ့ဗျာ။"

သရေခေတ္တရာကို လျှပ်စစ်ရထားဆွဲမယ့် မင်းအောင်လှိုင်ရဲ့အိပ်မက် တနှစ်ပြည့်တဲ့အထိအကောင်အထည် မဖော်နိုင်သေး

"တကယ်တမ်းကျတော့ မီးတွေကပျက်နေတာကို သူကအရှက်ပြေ ပြောတာပေါ့။ စိတ်ကူးယဥ်တာပေါ့ မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူးဆိုတာ လုပ်ငန်းရှင်တွေကလည်းသိတယ်"

မြိုင်မြို့နယ်အရှေ့တောင်ဘက်က ရွာတွေ ညတွင်းချင်း စစ်ရှောင်နေရ

" စစ်ကြောင်းကတော့ ကိုင်းကျေးရွာကို ဝင်စီးတာဗျာ။ ဒေသခံတွေမိတယ်လို့ကြားတယ်။ စစ်ကြောင်းက ခုလက်ရှိကိုင်းရွာထဲက မထွက်သေးတော့ အနီးနားရွာတွေ ထွက်ပြေးတိမ်းရှောင်နေရတာပါ"

MG6 ခေါင်းဆောင် ဗိုလ်ကျော်လင်းထွန်းရဲ့နာရေးနဲ့ အထိမ်းအမှတ်အုတ်ဂူတည်ဆောက်

"ကိုယ့်ဆရာရဲ့ Dead Body တောင် သေချာမမြင်လိုက်ရဘူး။ ဒီကြားထဲမှာ အုတ်ဂူကလည်းလုပ်ဖို့ အဆင်မပြေဘူး။ ငွေရေးကြေးရေးပိုင်းရော တခြားအခက်အခဲတွေရောပေါ့။ ပန်းရံဆရာကလည်း လန့်တယ်။ ခေါင်းဆောင်တယောက်ကိုတောင် အဲ့လိုလုပ်ထားမှတော့ သာမန်ပြည်သူဆိုလည်း အဲ့လိုလုပ်သွားနိုင်တယ်ဆိုတဲ့ အတွေးမျိုးနဲ့ပေါ့" လို့ MG6 ပြောက်ကျားတပ်မှ ရဲဘော်တဦးက ပြောပါတယ်။

ချောင်းရေကြီးလို့ CDF-Asho နောက်တန်းစခန်းရေမြုပ်ပြီး သီးနှံစိုက်ခင်းတွေပျက်စီး

"မနက် ၃ နာရီဝန်းကျင်လောက်မှာ တပ်စိတ်က ရဲဘော်နှစ်ယောက် သူတို့အဆောင်အပေါ်ရေတက်လာတယ်ဆိုပြီး ကျနော့်အဆောင် ရုံးကို ရောက်လာကြပါတယ်။ မိုးကလည်း တညလုံး မပြတ်ရွာနေတယ်။ ၃ ခွဲလောက်မှာ အဆောင်အောက်ကြည့်လိုက်တော့ မြေပြင်နဲ့ နှစ်ပေကျော်ကျော်ရေတက်နေပြီ" လို့ CDF- Asho ဌာနချုပ်စခန်းတာဝန်ခံ ဆလိုင်းလီယိုက ပြောပါတယ်။

စစ်ကြောင်းထိုးခံနေရတဲ့ ကနီမှာ တော်လှန်ဝါဆိုသပိတ်ပြုလုပ်

ဝါဆိုတောင် ကောင်းကောင်းမဆိုရဘဲ စစ်ဘေးရှောင်နေရပေမယ့် စစ်ဘေးရှောင်နေရတဲ့ တော်လှန်ပြည်သူတွေကလည်း ဖမ်းဆီးခံပြည်သူတွေနဲ့ အတူရှိကြောင်း မေတ္တာပို့တာ၊ မြန်မာ့သမိုင်းအဆက်ဆက် ကျဆုံးခဲ့သည့် သူရဲကောင်းများအတွက် ဆုတောင်းတာတွေ လုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10