Zay Yar

စစ်တပ်က ချေမှုန်းဖို့ထက် ခံစစ်ကိုပဲ ပိုပြီးပြင်ရတော့မယ့် အနေအထားလို့ PDF ဆို

"ရန်သူဘက်ကလည်း ရန်သူအလုပ်ဖြစ်တဲ့ ကျနော်တို့ကို ချေမှုန်းသွားမယ်လို့ ယုံကြည်ထားသလို ကျနော်တို့ကလည်း တော်လှန်ရေးသက်တမ်းနုတဲ့ တော်လှန်ရေးသမားတွေဖြစ်တယ်ဆိုသည့်တိုင်အောင်ပဲ ကျနော်တို့သည် ကောင်းမွန်တဲ့ဗျူဟာတွေ တုံ့ပြန်မှုတွေနဲ့ အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်နိုင်ကြမယ်လို့ ယုံကြည်ပါတယ်"

PRA တပ်ဖွဲ့ရဲ့ ၂ နှစ်ပြည့်မွေးနေ့ကို ဒေသတွင်းမဟာမိတ်ညီနောင်အဖွဲ့များနဲ့ စစ်ရေးပြ ကျင်းပခဲ့

"ပြီးခဲ့တဲ့နှစ်က ဘာမှအခမ်းအနားရယ်လို့ မကျင်းပနိုင်ခဲ့ဘူး။ ရှေ့တန်းနယ်မြေမှာ ရောက်နေတယ်။ အကျဉ်းချုံးပြီးပဲ လုပ်နိုင်ခဲ့တယ်။ ဒီနှစ်မှာတော့ ရဲဘော်တွေ စိတ်အားတတ်ကြွစေဖို့အတွက်၊ နောက်တခုက မဟာမိတ်ချစ်ကြည်ရေး ပိုမိုဖော်ဆောင်နိုင်ဖို့ ရှိတဲ့အားလေးနဲ့ လှလှပပလေး ကျင်းပနိုင်ခဲ့တယ်"

မုံရွာခရိုင် PDFတပ်ရင်းတခုမှာ နိုင်ငံရေးတော်လှန်ရေးအရွေ့ဆိုင်ရာ ဟောပြောမှုပြုလုပ်

“ဒီတော်လှန်ရေးမှာ ထောက်တိုင်အသီးသီးရှိကြတယ်။ ဒီထောက်တိုင်တွေအတူယှဉ်တွဲ သွားကြဖို့လိုအပ်တယ်။ အထူးသဖြင့်နိုင်ငံရေးနဲ့စစ်ရေးပေါ့။ ပထမတခုကရဲဘော်တွေအနေနဲ့ အင်တာနက်လိုင်းဖုန်းလိုင်း မရတဲ့အခြေနေမှာ လက်ရှိဖြစ်နေတဲ့တော်လှန်ရေးအခင်းအကျဉ်းတွေဘယ်လိုဖြစ်နေပြီလဲ၊ ဘာတွေလုပ်ဆောင်ကြမလဲဆိုတာ ပြန်မျှဝေလိုတဲ့ရည်ရွယ်ချက်နဲ့လုပ်ဆောင်တာပါ” လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီအဖွဲ့ဝင် မချောစုစံက မြေလတ်အသံကိုပြောပါတယ်။

မသန်စွမ်းအမျိုးသမီးတဦးအပါ ၇ဦးကိုသတ်ပြီး နေအိမ် ၂၀၀ကျော်ကိုပါ မီးရှို့

"စစ်ကြောင်းလာရင် တရွာလုံးထွက်ပြေးနေကြ။ စစ်ကောင်စီတပ်တွေ အကြမ်းဖက်သတ်ဖြတ်သွားတဲ့သူတွေထဲမှာ အမျိုးသမီးနှစ်ဦးက မျက်မမြင်တဦးနဲ့ ကင်ဆာဝေဒနာ တဦးပါ"

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ခေတ္တရာရှေးဟောင်းဇုန်ထဲ ပစ္စည်းခိုးတူးတဲ့ စစ်ဗိုလ်ကို အရေးမယူဘဲ လွှတ်ထားပေး

"သပိတ်ကျင်းလို ရွှေထွက်တဲ့နေရာတွေမှာဆိုရင်တော့ ပြသနာ မဖြစ်ဘူး။ ဒီနယ်မြေမှာက ကုန်းမို့မို့ဆို ဘုရားပျက်ပဲ အထဲမှာကလည်း ဌာပနာပစ္စည်းတွေက ရှိနေတတ်တယ်။ တူနေတာတော့ ကြာလောက်ပြီ။ ပါတာလည်း ပါကုန်ပြီ။ ခုမှ သိတာဆိုတော့။ ပြီးတော့ လူကြီးဆုံရာက ဝိုင်းအုပ်ပေးထားကြတာ" လို့ သူက ဆက်ပြောပါတယ်။

မီးလောင်ပြင်က အိမ်အလှူတော်

အာဏာသိမ်းစစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုတွေကို အများဆုံးခံရတာ စစ်ကိုင်းတိုင်းပါ။ Data For Myanmar ရဲ့ စောင့်ကြည့် တွက်ချက်မှုတွေအရ အာဏာသိမ်းစကနေ ၂၀၂၃ ဖေဖော်ဝါရီလထိ စစ်ကိုင်းတိုင်းမှာ မီးလောင်ပျက်စီးရတဲ့ နေအိမ် လေးသောင်းခွဲနီးပါး ရှိလာနေပါပြီ။

PDF ၂ဖွဲ့ပေါင်းပြီး ကျင်းပခဲ့တဲ့ တောထဲက ချင်းအမျိုးသားနေ့ ( ရုပ်/သံ)

အရှိုချင်းလူမျိုးတွေအများစုနဲ့ ဖွဲ့စည်းထားပြီး မကွေးတိုင်းအတွင်းမှာ အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်တော်လှန်နေတဲ့ PRA Magway နဲ့ CDF- Asho အဖွဲ့ ၂ခုပူးပေါင်းပြီး ၇၅ နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့ကို ကျင်းပခဲ့ပါတယ်။

PIA ရဲ့ နောက်သင်တန်းမှာ မကွေးနဲ့ ပဲခူးတိုင်းက လူငယ်တွေလည်း ပါဝင်ဖို့ဖိတ်ခေါ်

ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA )ရဲ့ နောက်ဖွင့်မယ့် အမှတ်စဉ် ၄ စစ်သင်တန်းမှာ မကွေးတိုင်းနဲ့ ပဲခူးတိုင်းက လူငယ်တွေကိုလည်း လာတက်စေချင်တယ်လို့ PIA/PIO ရဲ့ တာဝန်ခံတဦးက ပြောပါတယ်။

ဗိုလ်ချုပ်မွေးနေ့မှာ နိုင်ငံရေးအသိပညာဟောပြောပြီး ကျဆုံးရဲဘော်တွေကို အလေးပြုခဲ့တဲ့ ဆိပ်ဖြူ PDF

" ဟုတ် အမှန်ပြောရရင် ကျနော်တို့ဆီက အညာ‌သားတွေများတော့ သူတို့က လက်နက်ကိုင်ပြီး စကစကို နိုင်အောင်တိုက်ချင်ကြတာ၊ ဒါပေမယ့် လက်နက်နဲ့ချည်း တိုက်လို့မရဘူးဆိုတာရယ် တဖက်ကလည်း နိုင်ငံရေး အတွေး‌အခေါလေးတွေတွေးပြီး လုပ်တော့ ပိုမြန်ဆန်မယ်ဆိုတာ ပြောပြပေးတာဗျ" လို့ ပြောပါတယ်။

NUG နဲ့ PRA တို့ စစ်ရေးနဲ့ နိုင်ငံရေးပူးပေါင်းဆောင်ရွက်မယ်

"နောက်ပိုင်း စိုးမိုးဒေသတွေ တည်ဆောက်ပြီးတဲ့အခါမှာ အုပ်ချုပ်ရေးလုပ်ငန်းတွေ လုပ်တဲ့အခါမှာ NUG ရဲ့ လက်အောက်ခံ ပကဖ တွေ ပအဖ တွေနဲ့ ကျနော်တို့တွေ ပူးပေါင်းချိတ်ဆက်ပြီးတော့ အုပ်ချုပ်ရေးလုပ်ငန်းတွေကို ကျနော်တို့တွေ ဆက်ပြီး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။"

"အညာနွေမှာ စစ်မီးဒဏ်နဲ့ ကြုံရပြန်တဲ့ ဒေသခံတွေ"

"လေယာဥ်ကြီးတွေက ဝဲလာတော့ ကြောက်ပြီးတော့ ဝေးဝေးကိုထွက်ပြေး… ညတွင်းချင်း အဝေးကို ရောက်အောင်ပြေး ကျမတို့ တောကြားထဲမှာ ကန္တာရဆူးတွေ စူး၊ အပင်တွေ အကြိုအကြားတွေထဲမှာ ငုံ့ပြီး ပြေး တစ်ညလုံး ပြေးခဲ့ရတာ" " အမေကြီးတို့လက်ထက်တုန်းက ပြောခဲ့တဲ့ စကားတွေက ခု ကျမတို့ လက်တွေ့ခံစားနေရတော့တာ"

စစ်ရှောင်စခန်းမှာ အမျိုးသမီးအတွင်းခံမလုံလောက်လို့ မဝတ်ရတဲ့အပေါ်မှာ အမျိုးသမီးငယ်တွေ စနောက်ပြောဆို ခံနေရ

"အမျိုးသမီးအသုံးပစ္စည်းတွေလည်း တအားလိုတယ်၊ အဲ့လိုမျိုး အခက်အခဲက တလတကြိမ် ခဏခဏ ဖြစ်တာပေါ့နော်၊ အမျိုးသမီး ကောင်မလေးတွေက အပျိုပေါက်လေးဖြစ်နေပြီ၊ အဝတ်အစားတော့ ဝတ်နိုင်ပြီ ကောင်လေးတွေက သူတို့ကို မြင်လို့ရှိရင်၊ ဟဲ့နင့်မှာ ဟိုဟာဖြစ်နေပြီ၊ ဘာဖြစ်နေပြီပေါ့၊ ပြီးရင် သူတို့မှာ ဘယာစီယာ မဝတ်ရလို့လေ" လို့ တောင်မင်းကုလား စစ်ရှောင်စခန်းက အမျိုးသမီးတာဝန်ခံ မအေးခင်က ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10