Zay Yar

ချောင်းရေကြီးလို့ CDF-Asho နောက်တန်းစခန်းရေမြုပ်ပြီး သီးနှံစိုက်ခင်းတွေပျက်စီး

"မနက် ၃ နာရီဝန်းကျင်လောက်မှာ တပ်စိတ်က ရဲဘော်နှစ်ယောက် သူတို့အဆောင်အပေါ်ရေတက်လာတယ်ဆိုပြီး ကျနော့်အဆောင် ရုံးကို ရောက်လာကြပါတယ်။ မိုးကလည်း တညလုံး မပြတ်ရွာနေတယ်။ ၃ ခွဲလောက်မှာ အဆောင်အောက်ကြည့်လိုက်တော့ မြေပြင်နဲ့ နှစ်ပေကျော်ကျော်ရေတက်နေပြီ" လို့ CDF- Asho ဌာနချုပ်စခန်းတာဝန်ခံ ဆလိုင်းလီယိုက ပြောပါတယ်။

စစ်ကြောင်းထိုးခံနေရတဲ့ ကနီမှာ တော်လှန်ဝါဆိုသပိတ်ပြုလုပ်

ဝါဆိုတောင် ကောင်းကောင်းမဆိုရဘဲ စစ်ဘေးရှောင်နေရပေမယ့် စစ်ဘေးရှောင်နေရတဲ့ တော်လှန်ပြည်သူတွေကလည်း ဖမ်းဆီးခံပြည်သူတွေနဲ့ အတူရှိကြောင်း မေတ္တာပို့တာ၊ မြန်မာ့သမိုင်းအဆက်ဆက် ကျဆုံးခဲ့သည့် သူရဲကောင်းများအတွက် ဆုတောင်းတာတွေ လုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

စစ်ထောက်လှမ်းရေးဟောင်းရဲ့သားဖြစ်သလို DSA လည်းတက်ခဲ့ဖူးတာကြောင့် ဒလန်စွပ်စွဲခံနေရတဲ့ စစ်ဦးစီးချုပ် ဟာကျူလီ

စွပ်စွဲရေးသားချက်တွေကို မကြာခဏကြုံရဖူးသော်လည်း အခုအခါမှာ လွှတ်တော်ကိုယ်စားလှယ်တွေ ကိုယ်တိုင် ပါဝင်ရေးသားဖြန့်ဝေတာတွေပါ လုပ်လာတဲ့အတွက် လူသိရှင်ကြားဖြေရှင်းရတာဖြစ်သလို အခုလို စွပ်စွဲမှုတွေဟာ PRA ကို တခြားသော မဟာမိတ်တွေအပြင် PRA ကို ထောက်ခံအားပေးနေတဲ့ ဒေသခံပြည်သူ တွေကြား သွေးခွဲနေတာဖြစ်တယ်လို့ မြေလတ်အသံနဲ့ သီးသန့်အင်တာဗျူးမှာ ပြောဆိုထားပါတယ်။

"အညာသားတွေဟာ လုပ်ရဲရင် ခံရဲတယ်ဆိုတဲ့ ဇကိုပြကြမယ်"

အခုလိုကာလမျိုးမှာ ပြည်သူအချို့ဆီက " စစ်ကိုခေါ်လို့ မီးရှို့ခံရတယ်"ဆိုတဲ့ ဝေဖန်သံတွေ ပြစ်တင်သံတွေ ထွက်ပေါ်လာခဲ့သလို စစ်ကောင်စီဘက်ကလည်း အဲ့ဒီလို ဝါဒဖြန့်တာတွေ လုပ်လာနေတယ်လို့ သပိတ်တက်ကြွလှုပ်ရှားသူ မချောစုဟန်က ပြောဆိုထားပါတယ်။

ထောက်ပို့ကားကို လုံခြုံရေးကင်းစောင့်ဖို့လာတဲ့ ပျူကား၂စီး မိုင်းဆွဲခံရလို့ ၃ဦးသေ ၆ဦးဒဏ်ရာရ

"သူတို့က မိုင်းကွင်းဘယ်နားရှိတယ်ဆိုတာ သိတယ်။ မိုင်းဆွဲ မခံရခင် သူတို့က မိုင်းကွင်းနေရာတွေကို ပစ်ခတ်ပြီးမှထွက်လာကြတာ။ မိုင်းဆွဲခံရတော့ ၃ ဦးသေတယ် ၄ ဦး ဒဏ်ရာရတယ်။ အီနာဂါနဲ့ချတော့ ၂ဦးဒဏ်ရာပြင်းထန်တယ်။"

ပျူရွာတွေ စုပေါင်း စျေးဝယ်ထွက်စဥ် မိုင်းနင်းမိလို့ ၁ ဦးသေ ၄ ဦးဒဏ်ရာရ

"ဒီကောင်တွေ ရိက္ခာပြတ်လို့ ဈေးဝယ်ထွက်တာ။ အရင်ရက်ကမိုင်းတွေ ရှင်းသေးတယ်၊ ရှင်းပြီဆိုမှ ထွက်ကြတာ။ အဲ့နေ့က ပျူစောထီး ခေါင်းဆောင်အပါ သေနတ်ကိုင်ထားတဲ့ အဖွဲ့ နင်းမိတာ။ အထိအခိုက်များလို့ ဈေးထွက်မဝယ်ဘဲ ရပ်လိုက်ရတယ်။"

ပြာပုံထဲက မြင်ကွင်းတွေဟာ တော်လှန်ရေးစိတ်ကို ပိုပြီး ပြင်းပြစေတယ်( ရုပ်/သံ)

ရွာလုံးကျွတ်မီးရှို့ခံရတဲ့ ရွာတွေကို ရောက်သွားချိန် အဲဒီက ပြည်သူတွေရဲ့ စစ်ကောင်စီကို နာကျည်းမှု၊ သူတို့ရဲ့ ခံပြင်းမှုတွေနဲ့ ပြာပုံထဲက မြင်ကွင်းမျိုးတွေဟာ ကျွန်တော်တို့ရဲ့ တော်လှန်ရေးစိတ်ကို ပြင်းပြစေခဲ့သလို အခုအချိန်ထိ တောင့်ခံထားနိုင်တာ ဖြစ်တယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ ဦးဆောင်သူက မဖူးပွင့်ဝေက ဆိုပါတယ်။

ပခုက္ကူ-ပေါက် လမ်းမှာ စစ်ကောင်စီထောက်ပို့ယာဥ်တန်း မိုင်းဆွဲခံရ(ရုပ်/သံ)

ပြီးခဲ့တဲ့ မေလ ၂၆ရက် မနက်ပိုင်းက ဖောကား အပါအဝင် ၆ဘီးကားတွေနဲ့ ထောက်ပို့ပစ္စည်းတွေတင်လာတဲ့ ကား ၆စီးကို ပဒေသာမိုင်း ၂ပွိုင့်နဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပေမယ့် မိုင်း ၅လုံးပါတဲ့ ပဒေသာမိုင်း ၁ပွိုင့်ပဲ ပေါက်ကွဲခဲ့တယ်

အကျဉ်းသူ/သားတွေက ထောင်ထဲမှာ ပိုက်ဆံစုပြီး PDF ထံ ကျပ် ၅ သိန်းလှူဒါန်း

"ကျနော် အံ့ဩဝမ်းနည်း၊ ဝမ်းသာ ခံစားချက်က ရောပြွန်းနေတော့ ကျနော် ဘယ်လိုခံစားရလဲဆိုတာ ‌မဖော်ပြတတ်တော့ဘူး။ ကျနော်တို့မှာ တော်လှန်ရေးလုပ်ဆောင်နေရင်း ပင်ပန်းမှုတွေ စိတ်ဓါတ်ကျရတာတွေ ဒါတွေက သူတို့ စိတ်အားထက်သန်မှု PRA Magway အပေါ် သူတို့ ယုံကြည်မှုနဲ့စာရင် ဒါက အသေးအဖွဲပဲ။ ကျနော်တို့ဟာ ဒီထက် ပိုကြိုးစားရတော့မယ်ဆိုတဲ့ စိတ်ကို ပိုပြီး ခိုင်ခိုင်မာမာ ပိုင်းဖြတ်မိတယ်"

“ရတဲ့ငွေတွေ အကုန်လုံးကလည်း ကျနော့်အတွက် တပြားတချပ်မှ မပါသလို ဘယ်သူ့အတွက်မှလည်း မပါပါဘူး။ အကုန်လုံးကို အညာက အဖွဲ့သုံးဖွဲ့အတွက်ပဲ အညီအမျှ ခွဲပေးသွားမှာပါ”

“အခုမှသာ ကျနော်တို့ အညာဒေသနဲ့ ပြည်မထဲမှာ ခံရတာကိုး။ အခုချိန်မှာ ပိုတောင်ရှက်မိပါတယ်၊ အရင်တုန်းက လွန်ခဲ့တဲ့ ဆယ်စုနှစ် ၁ ခုလောက်ကကျတော့ ကျနော်တို့ ဒီ တိုင်းရင်းသားဒေသမှာ ဖြစ်နေခဲ့တဲ့ စစ်ပွဲတွေအကြောင်း၊ နောက်ပြီးတော့ ဖိနှိပ်မှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေ နောက် စစ်ရဲ့ ဆိုးကျိုးတွေ အကြောင်းကို ကျနော်တို့ မသိခဲ့လေခြင်းဆိုပြီးတော့ နောင်တတောင် ရမိတာမျိုးတွေရှိပါတယ်။”

မိုးလုံးဟိန်းတဲ့ ဂျိုးသိန်း

ဂျိုးသိန်းဇာတ်လမ်းက ဒီတင်ရပ်သွားတာမဟုတ်ပါဘူး။ အကျဉ်းထောင်တွေထဲက နိုင်ငံရေးအကျဉ်းသားတွေ ဘယ်လောက်ပဲ ဆေးလိပ်ငတ်နေ၊ ငတ်နေ ဂျိုးသိန်းဆေးလိပ်ကို မသောက်ကြဘဲ ဆန္ဒပြထားတဲ့ ဇာတ်လမ်းလည်းရှိပါသေးတယ်။ ဒါကတော့ အကျဉ်းသားတွေကို ချုပ်နှောင်ဖို့အတွက် ဂျိုးသိန်းလုပ်ငန်းက အင်းစိန်အကျဉ်းထောင်မှာ သံခြေကျင်း၊ ထောက်ခြေကျင်းတွေ လှူဒါန်းတဲ့ကိစ္စပါ။

BWM အဖွဲ့က စစ်ကောင်စီလေတပ်နဲ့ ဆက်စပ်နေရာတွေကို တိုက်ခိုက်မယ့် UG အဖွဲ့ တွေကိုဖိတ်ခေါ်

"မြို့ပြယူဂျီတွေကိုများများထောက်ပံ့မှသာလျင် တော်လှန်ရေးဟာ ပိုမိုထိရောက်မြန်ဆန်နိုင်မယ်လို့ ရှုမြင်တဲ့အတွက်ရယ်၊ လေကြောင်းကနေ ပြည်သူတွေကို သေကြေပျက်စီးဖို့ အမျိုးမျိုး အားထုတ်နေတဲ့ မြန်မာ့ အကြမ်းဖက်လေတပ်ကို ထိထိရောက်ရောက် ဆက်လက် ချေမှုန်းဖို့ ရည်ရွယ်တာကြောင့်ရယ် ပိုပြိးထောက်ပံ့ပေးဖြစ်တယ်ဗျ"

ပြည်သူပါဝင်မှုနည်းတဲ့ ပြည်မြို့သင်္ကြန်အကြိုနေ့

"သူတို့လူ သူတို့ပဲ ပြည်သူတွေ မဝင်ရဲဘူး။ ဗုံးထိမှာ ကြောက်တာ။ ပြည်သူတွေ ဝင်မနွှဲတဲ့ပွဲ မသိရင် တပ်တွင်း သင်္ကြန် ကျရော။ တပ်ထဲမှာပဲ လုပ်သင့်တာ"

ကိုရီယားမှာ အညာသားတွေနဲ့ တိုင်းရင်းသားပေါင်းစုံက စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြ

"ပြည်တွင်းက ဒုက္ခမျိုးစုံ ခံစားနေရတဲ့ ပြည်သူလူထုအတွက် ကျနော်တို့ ပြည်ပမှာ ရောက်နေတာ နေသာသလိုမနေကြောင်း၊ စစ်အာဏာရှင်စနစ်ကို အဆုံးတိုင်တော်လှန်မည်ဖြစ်ကြောင်း၊ ရောက်တဲ့နေရာကနေ ဆန့်ကျင်နေကြောင်း ပြသတဲ့သဘောပါ"

လူထုသာငါတို့ဘက်ကမရှိရင် ငါတို့မရှိနိုင်ဘူး( ရုပ်/သံ)

လူထုကမွေးဖွားပြီး လူထုကိုသစ္စာခံတဲ့တပ်ဖြစ်လို့ လူထုလွတ်မြောက်ဖို့ လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲနေတာဖြစ်တယ်လို့ PRA မကွေးရဲ့ စစ်ဦးစီးချုပ်က သူတို့ရဲ့ တပ်တော် ၂နှစ်ပြည့်အခမ်းအနား မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10