MG6 ခေါင်းဆောင် ဗိုလ်ကျော်လင်းထွန်းရဲ့နာရေးနဲ့ အထိမ်းအမှတ်အုတ်ဂူတည်ဆောက်

MG6 ခေါင်းဆောင် ဗိုလ်ကျော်လင်းထွန်းရဲ့နာရေးနဲ့ အထိမ်းအမှတ်အုတ်ဂူတည်ဆောက်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသမှာ တော်လှန်ရေးအဖွဲ့အချင်းချင်း ပစ်ခတ်မှုဖြစ်ကာ ကျဆုံးခဲ့တဲ့ MG 6 ပြောက်ကျားတပ်ခေါင်းဆောင် ဗိုလ်ကျော်လင်းထွန်း ရဲ့ အရိုးပြာကို သြဂုတ်လ ၂၅ ရက်မှာ ဂူသွင်းခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်မှုဖြစ်တဲ့ သြဂုတ်လ ၄ ရက် ညပိုင်းမှာပဲ အသက် ၂၆ နှစ်အရွယ် ဗိုလ်ကျော်လင်းထွန်း (ခ) ဖိုးချမ်းရဲ့ ရုပ်အလောင်းကို ကြားအဖွဲ့အစည်းတခုအကူအညီနဲ့ မီးသင်္ဂြိုဟ်နိုင်ခဲ့ပြီး သြဂုတ်လ ၂၅ ရက်မှ အမိန့်ပြန်ကာ အရိုးပြာကို ဂူသွင်းနိုင်ခဲ့တယ်လို့ MG6 ပြောက်ကျားတပ်ရဲဘော်တဦးက ဆိုပါတယ်။

"ကိုယ့်ဆရာရဲ့ Dead Body တောင် သေချာမမြင်လိုက်ရဘူး။ ဒီကြားထဲမှာ အုတ်ဂူကလည်းလုပ်ဖို့ အဆင်မပြေဘူး။ ငွေရေးကြေးရေးပိုင်းရော တခြားအခက်အခဲတွေရောပေါ့။ ပန်းရံဆရာကလည်း လန့်တယ်။ ခေါင်းဆောင်တယောက်ကိုတောင် အဲ့လိုလုပ်ထားမှတော့ သာမန်ပြည်သူဆိုလည်း အဲ့လိုလုပ်သွားနိုင်တယ်ဆိုတဲ့ အတွေးမျိုးနဲ့ပေါ့" လို့  MG6 ပြောက်ကျားတပ်မှ ရဲဘော်တဦးက ပြောပါတယ်။

မြင်းခြံပကဖ အကူအညီနဲ့ အရိုးပြာဂူသွင်းတဲ့ အခမ်းအနားကို ဗိုလ်ကျော်လင်းထွန်းရဲ့ မိသားစုနဲ့ တပ်ဖွဲ့ဝင်အချို့တက်ရောက်ပြီး ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းပေါ်က ကျေးရွာတခုမှာ ကျင်းပနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ပစ်ခတ်မှုမှာ ပါဝင်ခဲ့သူတွေကို တရားစွဲဆိုထားကာ မြင်းခြံပကဖက စစ်ခုံရုံးတင်ထားပြီး ဗိုလ်ကျော်လင်းထွန်းရဲ့ မိသားစုဝင်တွေနဲ့ ကျန်တပ်ဖွဲ့ဝင်တွေကို မြင်းခြံပကဖဆီမှာပဲ လုံခြုံရေးအရ တာဝန်ယူစောင့်ရှောက်ထားပါတယ်။

#မြေလတ်အသံ

#မကွေး #ရေစကြို #ရေလယ်ကျွန်း #NG6 #နာရေး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10