သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ မြိုင်မြို့နယ် အရှေ့တောင်ဘက်က ကိုင်းစံပြကျေးရွာကို စစ်ကောင်စီတပ်သားတွေ စက်တင်ဘာ၂၇ ရက် ဒီမနက်မှာ ဝင်စီးနင်းခဲ့လို့ အနီးအနားကရွာတွေ စစ်ဘေးရှောင်နေကြရပါတယ်။
ဒီနေ့ မနက် ၄ နာရီလောက်ကတည်းက ကိုင်းစံပြရွာကို ဝင်ရောက်နေခဲ့ပြီး ဒေသခံအချို့ကိုလည်းဖမ်းထားသလို ရွာထဲမှာပဲရှိနေသေးတာကြောင့် ကိုင်းစံပြရွာ အနီးဝန်းကျင်က ပြည်သူ ထောင်နဲ့ချီပြီး ညတွင်းချင်း ရှောင်ခဲ့ကြတာလို့ စစ်ရှောင်ဒေသခံတဦးက ပြောပါတယ်။
" စစ်ကြောင်းကတော့ ကိုင်းကျေးရွာကို ဝင်စီးတာဗျာ။ ဒေသခံတွေမိတယ်လို့ကြားတယ်။ စစ်ကြောင်းက ခုလက်ရှိကိုင်းရွာထဲက မထွက်သေးတော့ အနီးနားရွာတွေ ထွက်ပြေးတိမ်းရှောင်နေရတာပါ" လို့ စစ်ရှောင်အမျိုးသားတဦးက ပြောပါတယ်။
ကိုင်းရွာကို ဝင်စီးချိန်မှာ စစ်ကောင်စီတပ်သားတွေက ပစ်ခတ်တာတွေရှိခဲ့ပြီး ကိုင်းရွာကို ဘာကြောင့်ဝင်စီးတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
ကိုင်းစံပြကျေးရွာထဲက စစ်တပ်ထွက်မသွားသေးလို့ အနည်းဆုံး ၄ မိုင်အကွာမှာရှိတဲ့ ရွာ ၄ ရွာက ပြည်သူထောင်နဲ့ချီပြီး စစ်ဘေးရှောင်နေခဲ့ကြတာပါ။
#မြေလတ်အသံ
#သတင်း #မြိုင် #ကိုင်းစံပြကျေးရွာ #စစ်ကောင်စီ #ဝင်ရောက်စီးနင်း #ဒေသခံ #စစ်ရှောင် #ညတွင်းချင်း #ထွက်ပြေး
Share Share Share