ဇရပ်ကြီးတိုက်ပွဲကျဆုံးမှု တော််ဝင်ဒေါင်းစစ်ကြောင်းက ရဲဘော် ၄ ဦးပါဝင်၊ စစ်ရေးတင်းမာနေဆဲ

ဇရပ်ကြီးတိုက်ပွဲကျဆုံးမှု တော််ဝင်ဒေါင်းစစ်ကြောင်းက ရဲဘော် ၄ ဦးပါဝင်၊ စစ်ရေးတင်းမာနေဆဲ

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ အခုလ ၇ ရက်ကစတင်ကာ တိုက်ပွဲဖြစ်ခဲ့ပြီး တော်ဝင်ဒေါင်းစစ်ကြောင်းက ရဲဘော် ၄ ဦးကျဆုံးခဲ့ပါတယ်။

တော်ဝင်ဒေါင်းစစ်ကြောင်းက အသက် ၂၀ နဲ့ ၃၀ကြား ရဲဘော် မင်းခန့် ၊ ရဲဘော် သီဟ၊ ရဲဘော် စာကလေးနဲ့ ရဲဘော် ဘီးကျဲတို့ ကျဆုံးခဲ့တယ်လို့ တော်ဝင်ဒေါင်းစစ်ကြောင်းက ရဲဘော်တဦးက ပြောပါတယ်။

"ရဲဘော်တွေအားလုံးကို စစ်ရေးအခမ်းအနားနဲ့ သေချာကောင်းမွန်စွာ ဈာပန လုပ်ဆောင်ပြီးပါပြီ" လို့ ပြောပါတယ်။

ဇရပ်ကြီးတိုက်ပွဲမှာ လေကြောင်းတိုက်ခိုက်ခံရမှုအပါအဝင် တိုက်ပွဲတွေအတွင်း KNLA ပူးပေါင်းတပ်တွေဘက်က တပ်ဖွဲ့ဝင် ၂၀ နီးပါးကျဆုံးခဲ့တယ်လို့ မြေပြင်ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရှိရပြီး အဲ့ဒီထဲမှာ တော်ဝင်ဒေါင်းစစ်ကြောင်းက ရဲဘော် ၄ ဦး ကျဆုံးခဲ့တာပါ။

ထန်းတပင်မြို့နယ်အတွင်းက မြေပြင်ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တဦးကလည်း ၂ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅၀ နီးပါးသေဆုံးခဲ့ကာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့ကြောင်း ပြောပါတယ်။

လက်ရှိမှာ ထိတွေ့တိုက်ပွဲမရှိတော့ပေမယ့် မြေပြင်မှာ စစ်ရေးအခြေအနေတင်းမာနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၇ ရက် မနက် ၂ နာရီ ၄၀ ခန့်ကစတင်ကာ KNLA နဲ့ ပူးပေါင်းတပ်တွေက ဇရပ်ကြီးမြို့ရဲစခန်း၊ မြို့အနောက်ဘက်ရှိ မြို့ဆိုးတံတား စစ်ဆေးရေးဂိတ်၊ မြို့အရှေ့တောင်ဘက်ရှိ ခလရ ၇၃၊ ချောင်းချာစခန်းနဲ့ ရှားစေလိုစခန်းတွေကို တပြိုင်နက်တိုက်ခိုက်ခဲ့တာပါ။ 

ဇရပ်ကြီးရဲစခန်းနဲ့ မြို့ဆိုးစစ်ဆေးရေးဂိတ်ကို နာရီပိုင်းသာတိုက်ခိုက်ခဲ့ရပြီးနောက် စစ်အုပ်စုတပ်ဖွဲ့ဝင်တွေဟာ စခန်းတွေကိုစွန့်ခွာကာ ခလရ ၇၃ အတွင်း ဝင်ရောက်ပူးပေါင်းသွားလို့ မနက်အစောပိုင်းမှာပဲ အဲ့ဒီနေရာတွေကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေစတင်ဖြစ်ပွားတဲ့ ဖေဖော်ဝါရီ ၇ ရက် မနက်ပိုင်းမှာ ဇရပ်ကြီးမြို့ပေါ်  မြို့ဆိုးရွာအပါအဝင် အနီး ကျေးရွာတွေက ဒေသခံအများစု ပိတ်မိနေခဲ့ပြီး ပိတ်မိနေတဲ့အထဲက အရပ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကာ  ၅၀ ဝန်းကျင် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - တော်ဝင်ဒေါင်းစစ်ကြောင်းက ရဲဘော် ၄ ဦးအပါ ရဲဘော် ၅ ဦးရဲ့ စျာပနအခမ်းအနား။

ဓါတ်ပုံ - တော်ဝင်ဒေါင်းစစ်ကြောင်း။

#မြေလတ်အသံ

#သတင်း #ဇရပ်ကြီး #တိုက်ပွဲ #တော်ဝင်ဒေါင်းစစ်ကြောင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10