ပဲခူးအရှေ့က ဗျူဟာမြောက်စစ်ကြောင်းတွေကို စစ်ဘက်သုံးပစ္စည်းတွေထောက်ပံံ

ပဲခူးအရှေ့က ဗျူဟာမြောက်စစ်ကြောင်းတွေကို စစ်ဘက်သုံးပစ္စည်းတွေထောက်ပံံ

စစ်ကောင်စီတပ်တွေကို တော်လှန်နေတဲ့ ပဲခူးတိုင်းအရှေ့ခြမ်းမှာ မဟာဗျူဟာအရ အရေးပါတဲ့ စစ်တောင်းမြစ်ဝှမ်းဒေသက စစ်ကြောင်းတွေကို စစ်ဘက်သုံးပစ္စည်းတွေ ဒီဇင်ဘာ ၂၆ရက်က ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီပစ္စည်းတွေဟာ Project Life Saving ဆိုတဲ့ ကမ့်ပိန်းကရရှိခဲ့တာဖြစ်ပြီး အဲ့ဒီကမ့်ပိန်းကို အခုလ ဒီဇင်ဘာ ၂၁ရက်စတင်ခဲ့ကာ နောက်နှစ် ဇန်နဝါရီ ၇ရက်အထိသတ်မှတ်ထားပေမယ့် မပြည့်ခင်မှာပဲ လိုအပ်ချက်ထက်ကျော်လွန်ပြီး ရခဲ့တာလို့ Royal Peacock Column ရဲဘော်တဦးက ပြောပါတယ်။

"ဦးထုပ်၊ ကျည်ကာပြား၊ ကျည်ကာအင်္ကျီ သုံးခုပါ တစ်စုံ ရဲဘော်တစ်ယောက်စာကို ၂၁၃ ယောက်စာရသွားတယ်။ လုပ်တာက ၂၀၀ စာလုပ်တာ ကျော်လွန်ပြီး ၂၁၃ ယောက်စာရတာပါ။" လို့ Royal Peacock Column ရဲဘော်တဦးက ပြောပါတယ်။

လက်ရှိတိုက်ပွဲ ပြင်းထန်နေတဲ့ ပဲခူးအရှေ့ခြမ်းနယ်မြေ တစ်ဝိုက်က တပ်ရင်းတွေကို အခုရထားတဲ့အရည်အတွက်နဲ့ မျှပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ 

အဲ့ဒီပစ္စည်းတွေကို တော်လှန်ရေးအနုပညာရှင််တဦးဖြစ်တဲ့ သရုပ်ဆောင်မြနှင်းရည်လွင်က စစ်မြေပြင် နောက်တန်းတနေရာအထိသွားရောက်ပို့ပေးခဲ့တာဖြစ်ပါတယ်။ 

"ကမ်ပိန်း မပြီးခင်မှာ ဒီလိုပို့ဆောင်နိုင်တာကလည်း မြေပြင်ကရဲဘော်တွေအတွက်က တိုက်ပွဲတပွဲဆို ဆိုသလောက် အန္တရာယ်များတဲ့အခါကျတော့ မြန်မြန်ပို့ပေးနိုင်လေ ကောင်းလေဆိုတော့ ပစ္စည်းရနိုင်တဲ့လမ်းကြောင်းကို ကြိုတင်ချိတ်ဆက်ထားပြီး ဆောင်ရွက်ကြတာပါ။ ပစ္စည်းရောင်းတဲ့လူကလည်း ငွေအဓိကမထားပဲ ယုံကြည်မှုနဲ့ ကူညီလို့ ဒီလို မြန်မြန်ပို့နိုင်တာပါ" လို့ သရုပ်ဆောင်မြနှင်းရည်လွင်က ဆိုထားပါတယ်။

အခုလုပ်တဲ့ Project Life Saving ကမ့်ပိန်းဟာ ပထမဆုံးအကြိမ်ဖြစ်ပေမယ့် နိုင်ငံပေါင်း ၁၄နိုင်ငံက ပါဝင်ထောက်ပံံ့ခဲ့ကြပြီး သတ်မှတ်ကာလမပြည့်ခင်မှာ ကမ့်ပိန်းရည်မှန်းချက်ပြည့်သွားခဲ့ပေမယ့် မြေပြင်လိုအပ်ချက်ကတော့ ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10