သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ တာဝန်ကျတဲ့ စစ်ကောင်စီတပ်သားတဦး ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KLG PDF ကျောက်လုံးကြီးဆီကို လက်နက်နဲ့အတူ ကျည်ဆံတွေနဲ့ အလင်းဝင်လာတာလို့ တပ်ဖွဲ့တာဝန်ရှိသူဆီက သိရပါတယ်။
ကလေးမြို့ ခလရ ၈၇ က တပ်သားဖိုးလပြည့်ဖြစ်ပြီး ဒီဇင်ဘာ ၆ ရက် ည ၈ နာရီလောက်က MA 2 သေနတ် ၁ လက်၊ ကျည် ၁၄၀ ကျော်နဲ့ အလင်းဝင်လာတာလို့ ဆိုပါတယ်။
ဖိုးလပြည့်ဟာ ဒီဇင်ဘာ ၅ ရက် ညနေက တပ်စွဲထားတဲ့ ကနီမြို့ပေါ်ရဲစခန်းကနေ ပြည်သူတဦးအကူအညီနဲ့ အလင်းဝင်လာတာလို့ ဆိုပါတယ်။
“လက်ရှိ သူ့ကို သီးသန့်အဆောင်တဆောင်မှာ ထားပါတယ်။ လုံးဝ ယုံကြည်စိတ်ချရပြီဆိုမှ သူသွားချင်တဲ့နေရာ ကို သွားခွင့်ပေးမှာပါ " လို့ KLG PDF တပ်ဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။
လက်နက်နဲ့ ကျည်တွေပါ ယူဆောင်လာတဲ့အတွက် ကျပ် သိန်း ၅၀ ချီးမြှင့်သွားမှာဖြစ်ပြီး ဖိုးလပြည့် ကိုယ်တိုင်လည်း စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်သွားဖို့ ဆန္ဒရှိတယ်လို့ သူက ဆက်ပြောပါတယ်။
ဒီဇင်ဘာ ၆ ရက် ည ၈ နာရီလောက်မှာပဲ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့မရဲစခန်းက ရဲတပ်သားဝေလျှံကျော်ဟာ တပ်ရင်း ၁၆ တပ်ခွဲ ၃ သမန်းကျားပြောက်ကျားတပ်ကို G3 ၁ လက်၊ MA 4 ၁ လက်၊ G3 ကျည် ၁၈၁ တောင့်၊ MA 4 ကျည် ၅၃၆ တောင့်၊ အီနာဂါ ၆ လုံး၊ ပို့ကျည် ၉ တောင့် ၊ 40 မမ ၂ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ icon ၁ လုံး၊ ဓားမြှောင် ၁ လက်၊ ကျည်ကာ ၁ ထည် အပြင် ကျည်ဘောက်တွေနဲ့အတူ အလင်းဝင်ခဲ့ပါသေးတယ်။
ပုံစာ - အလင်းဝင်စစ်သားနှင့်အတူတွေ့ရသည့် သေနတ်နှင့် ကျည်များ။
စာတည်း-လင်းဇေ
#မြေလတ်အသံ
#စစ်ကိုင်းတိုင်း #ကနီမြို့နယ် #စစ်ကောင်စီ #ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ #KLG #PDF #ကျောက်လုံးကြီး
Share Share Share