ခန့်အောင်

ပဲခူးအနောက်ခြမ်းမှာ စစ်မှုထမ်းစာရင်းပါတဲ့သူတွေကို စစ်တပ်က ရုတ်တရက်လာရောက်ခေါ်ဆောင်နေကြ

“သိရသလောက်က ၈ ဦးကို ခေါ်တာ ၅ ဦးက အိမ်မှာ ရှိနေတော့ ပါသွားတယ်။ ကျန်တဲ့ ၃ ဦးက အလုပ်သွား နေလို့ မပါဘူး။ ဘယ်ကိုခေါ်သွားလည်းတော့ မသိဘူး။ သွေးတခါတည်းစစ်တယ်လို့ ပြောတယ်”

စလင်းမှာ အုပ်ချုပ်ရေးမှူးနဲ့ပျူစောထီးတွေ ဆက်တိုက်အသတ်ခံရပြီးနောက် တရက်တည်း အုပ်ချုပ်ရေးမှူး ၄ ဦး နုတ်ထွက်

“သူတို့ ၄ဦးက နုတ်ထွက်စာတင်ကြတာ မှန်ပါတယ်။ အုပ်ချုပ်ရေးမှူးတွေမရှိတော့ စာရေးတွေကပဲ စလင်း (မြို့နယ်)ထွေအုပ်နဲ့တွဲပြီး (အလုပ်တွေ)လုပ်ကြတယ်”

အုပ်ချုပ်ရေးမှူးတဦးကို သေနတ်နဲ့ ပစ်သတ်ပြီး သေနတ်နဲ့ စစ်သုံးပစ္စည်းတွေသိမ်းဆည်း

“သူ(အုပ်ကြီး)နေတဲ့ ရွာထဲဝင်သွားပြီး အုပ်ကြီးကိုလိုက်ရှာတာမှာ အုပ်ကြီးက အရင်သေနတ်နဲ့ပစ်လို့ ကျနော်တို့လည်း ပြန်ပစ်တာမှာ ပွဲချင်းပြီး သေသွားတာ”

ပြည်နဲ့ ပေါင်းတည်ထောင်က လွတ်လာသူ ၇၀ ဦးမှာ နိုင်ကျဉ်း ၁ ဦးသာပါဝင်

“နိုင်ကျဉ်းတွေ ဒီထက်ပိုပြီးပါဝင်စေချင်တယ်။ ပြည်ထောင်မှာ ၅၀၅ တွေလည်းရှိနေတာကို ၁ ဦးတည်းပဲလွတ်တာဆိုတော့ အမည်ခံလွှတ်ပေးတဲ့ သဘောပဲ”

ဘီယာဝယ်ပြီးပြန်လာတဲ့ အုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်သတ်ခံရ

“အရက်ဆိုင်ကနေ ဘီယာဝယ်ပြီး ဆိုင်ကယ်နဲ့အထွက်ကို ပစ်လိုက်တဲ့အချိန်မှာ လက်ပြင်တဝိုက်ကို သုံးချက်မှန်ပြီး အတင်းမောင်းပြေးတာ။ နောက်ကနေလိုက်ပြီး ထပ်ပစ်တာ ပွဲချင်းပြီးသေသွားတယ်”

ပေါင်းတည်မှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး နှစ်ဖက်ထိခိုက်မှုရှိ

“စစ်ကြောင်းက ပြန်ပစ်လို့ ကျနော်တို့ ဘက်က ရဲဘော် ၂ ဦးက လက်နဲ့ ပေါင်မှာ သေနတ်ကျည်ထိပြီး မစိုးရိမ်ရ တဲ့ ဒဏ်ရာရရှိခဲ့ပါတယ်“

ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေ မိုင်းခွဲတိုက်ခိုက်ခံရပြီး နှစ်ဦးဒဏ်ရာရ

”အဲ့ဒီဇရပ်က စစ်သားတွေ နေ့တိုင်း ကင်းပုန်းဝပ်တဲ့ ဇရပ်ဆိုတော့ ကြိုပြီး ပတ်လည်မိုင်းထောင်ပြီး ခွဲလိုက်တာ။ ဒဏ်ရာ နှစ်ကောင်ရသွားတယ်။ ညတွင်းချင်း ကားနဲ့ ပေါက်ခေါင်းဆေးရုံကို သယ်သွားတယ်ဆိုတာ မြေပြင်ကင်းထောက်က ပြန်သတင်းပို့တယ်”

ချက်ပြုတ်ရေနဲ့သောက်ရေအတွက် PDF တွေ ကိုယ်တိုင်တူးထားတဲ့ လက်လုပ်ရေတွင်း (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်နဲ့ မြိုင်မြို့နယ်ကြားမှာ အခြေစိုက်တဲ့ ယင်းမာပင်ခရိုင် တပ်ရင်း ၁၂၊ တပ်ခွဲ ၃ Triple Revolution အဖွဲ့က ရဲဘော်တွေဟာ ချက်ပြုတ်ရေနဲ့ သောက်ရေအတွက် စခန်းနဲ့မိုင်ဝက်ခန့်ဝေးတဲ့နေရာမှာ ကိုယ်တိုင်တူးထားတဲ့ လက်လုပ်ရေတွင်း (ဒေသအခေါ် လက်ထောင်းတွင်း)ကို တူးကြပြီး ရေအသုံးပြုနေကြတာ ဖြစ်ပါတယ်။

PDF ထောက်ပို့လုပ်တယ်ဆိုကာ ခြောက်နှစ်အရွယ်ကလေး ၂ ဦးအပါ မိသားစု ၂ စုကို စစ်တပ်က ဖမ်းဆီးပြီး နေအိမ်ကိုလည်း မီးရှို့

ပေါင်းတည်မြို့နယ်၊ ပဲခူးရိုးမတောင်ခြေရှိ ရုပ်ဆိုင်ရွာမှာ ဧပြီလ ၁၁ ရက် မနက်ပိုင်းကစတင်ကာ ရွာသား ၂၁ ဦးကို ဖမ်းဆီးစစ်ဆေးခဲ့ပြီးနောက် အဲဒီနေ့ ညနေပိုင်းမှာ ၁၅ ဦးကိုပြန်လွှတ်ခဲ့ပေမယ့် မိသားစု ၂ စု ကို ဆက်ဖမ်းထားကာ သူတို့နေအိမ် ၂ လုံးကိုမီးရှို့ခဲ့တာလို့ ဆိုပါတယ်။

ကြို့ပင်ကောက်မှာ တိုက်ပွဲဖြစ်ပြီး နှစ်ဘက်ထိခိုက်မှုရှိ

“ကျနော်တို့က အရင်ဆုံးစပစ်နေတုန်းမှာ လက်လုပ် ၆၀ မမ ပြောင်းကွဲသွားလို့ ကိုယ့်ရဲဘော်တဦးရဲ့ လက်မှာ ဒဏ်ရာရသွားတာ။ စစ်တပ်ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပြန်ပစ်လို့ ကျနော်တို့လည်း နောက်ပြန်ဆုတ်လာခဲ့တာ။ နှစ်ဘက်ပစ်ခတ်မှုကတော့ ၅ မိနစ်လောက်ပဲကြာတယ်”

တာဝန်ထမ်းဆောင်ရင်း ရုတ်တရက်သေဆုံးတဲ့ PDF ရဲဘော်ကို သင်္ဂြိုဟ်ပြီးစီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲမှာ ရုတ်တရက်လဲကျသေဆုံးတဲ့ ရဲဘော်တဦးကို သင်္ဂြိုဟ်ပြီးစီးခဲ့ပြီလို့ အမှတ် ၁ စစ်ဒေသ၊ ယင်းမာပင်ခရိုင် အမှတ် ၁၁ တပ်ရင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်က တပ်ရေးအရာရှိ ရဲဘော် ဥက္ကာက ပြောပါတယ်။

သမီးဖြစ်သူကို ထောင်ဝင်စာသွားပို့တဲ့မိခင် ထောင်ရှေ့မှာကွယ်လွန်

“နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေကို ထောင်ပြောင်းပို့တာတွေ မလုပ်ဆောင်သင့်ဘူး။ သူ့မြို့နယ်နဲ့ သူသာ ထားမယ်ဆိုရင် မိသားစုတွေအတွက်လည်း အဆင်ပြေသလို အဘွားဒေါ်ကြည်ညွန့်လိုဖြစ်စဉ်မျိုးတွေ ဖြစ်လာစရာမရှိဘူး“

အရာတော်က တပ်ကြပ်ကြီးဟောင်းတဦး သေနတ်နဲ့ပစ်သတ်ခံရ

“အုပ်ကြီးက ဆိုင်ကယ်နဲ့ ပြန်လာတာကို သူ့အိမ်နား အရောက်မှာ ပစ်သတ်ခဲ့တာပါ နေရာမှာပဲ သေပါတယ်”

ဟောင်းနွမ်းပျက်စီးနေတဲ့ PDF စခန်းတခု ပြန်တည်ဆောက်ဖို့ အကူညီ လိုအပ်နေ (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲက Local PDF စခန်းတခု ပျက်စီးနေတာကြောင့် ပြန်လည်ဆောက်လုပ်ဖို့အတွက် ငွေကြေးအကူညီလိုအပ်နေတယ်လို့ ပေါက် နွေဦးပြောက်ကျားတပ်ဖွဲ့ ရဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ဗိုလ်ယက္ခက ပြောပါတယ်။

ဘေးအိမ်ကမီးလောင်မှုကြောင့် အမျိုးသမီးတဦး ထိတ်လန့်သေဆုံး

"အိမ်ရှင် လင်မယားက ထင်းမီးဖိုနဲ့ ရေနွေးအိုးတည်ထားခဲ့ပြီး သူတို့ကဖားထွက်ရိုက်တာမှာ မီးဖိုမှာသုံးတဲ့ လက်ခု (အဝတ်စဟောင်း)ကနေတဆင့် မီးကူးဆက်သွားတာ မီးလောင်တာမြင်ပြီး မသီတာက လန့်ပြီး သတိလစ်နေလို့ ဆေးရုံးသယ်သွားရင်း လမ်းမှာဆုံးတာ”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10