ခန့်အောင်

မင်းလှက စစ်တပ်သတင်း‌ပေးဆိုသူ သေနတ်နဲ့ ၁၂ ချက် ပစ်ခံရပြီးသေဆုံး

သူဟာ ဒေသတွင်း တော်လှန်ရေးအဖွဲ့ တွေနဲ့ပက်သက်တဲ့သတင်းတွေကို စစ်တပ်ဆီသတင်းဖမ်းဆီးခိုင်းတာတွေလုပ်သလို လက်နက်ကိုင်ဆောင်ထားသူလည်း ဖြစ်တယ်လို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်မှုထမ်းရမယ်လို့ ခြိမ်းခြောက်တဲ့ အုပ်ချုပ်ရေးမှူး သေနတ်နဲ့ ပစ်သတ်ခံရ

ကြို့ပင်ကောက်မြို့နယ် ရုံးချောင်းအုပ်စု အုပ်ချုပ်ရေးမှူး အသက် ၅၂ နှစ်အရွယ် ကိုသောင်းကြည်ကို မတ်လ ၂၄ ရက် ည ၈ နာရီကျော်လောက်မှာ သေနတ်နဲ့ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။

ပဲခူးတိုင်းက မြို့နယ် ၄ ခုမှာ တရက်တည်းမီးလောင်မှုဖြစ်ပြီး နေအိမ် ၇ လုံးပျက်စီး

ပြည်မြို့နယ်၊ ပေါင်းတလည်အုပ်စု၊ ခွေးရဲရွာမှာ ည ၉ နာရီလောက်က နေအိမ် ၃ လုံး၊ ပေါင်းတည်မြို့နယ်၊ ဘိုးသာအောင်ကုန်းအုပ်စု၊ ညောင်ပင်ကုန်းရွာမှာ မနက် ၁၁ နာရီခွဲလောက်က နေအိမ် ၁ လုံး၊ မိုးညိုမြို့နယ်၊ သရက်တပင်ရွာမှာ နေအိမ် ၂ လုံးနဲ့ အုတ်ဖိုမြို့နယ်၊ ဇီးဖြူကုန်းရွာမှာ မနက် ၁ နာရီဝန်းကျင်မှာ နေအိမ် ၁ လုံး မီးလောင်ပျက်စီးခဲ့တာပါ။

သင်တန်းဆင်း PDF ရဲဘော်တွေကို ဝမ်းသာကြိုဆိုကြတဲ့ မိသားစုနဲ့ ပြည်သူတွေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်ထဲမှာ ပြည်သူ့ကာကွယ်တပ်ဖွဲ့ စစ်ရေးဌာနက ပြုလုပ်ခဲ့တဲ့ အထူးတိုက်ခိုက်ရေးသင်တန်းဆင်း ကျားသစ်နက်တပ်မတော်က PDF ရဲဘော်တွေကို မိသားစုဝင်တွေနဲ့ ပြည်သူတွေက ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။

ရွာမီးရှို့ပြန်လာတဲ့စစ်ကြောင်းကို စနိုက်ပါနဲ့ပစ်လို့ ဗိုလ်အဆင့်ရှိသူ ၁ ဦးသေဆုံးဟုဆို

“မီးရှို့ပြီး စစ်ကြောင်းက ပြန်ထွက်လာတာကို ရွာပြင်ကနေ ကိုက် ၃၀၀ အကွာက ပစ်တာမှာ အရုပ်ကြိုးပြတ် လဲကျသေဆုံးသွားတာ”

ပဲခူးတိုင်းအနောက်ခြမ်းမှာ မတ်ပဲ အထွက်နှုန်းကျဆင်း

“မတ်ပဲအပင်ပေါက်ချိန်မှာ မြေအစိုဓါတ်များလို့ အပင်တွေသေတာရယ်၊ အပင်ကြီးလာတဲ့အချိန်မှာ မှိုရောဂါကျလို့ အပင်တွေဝါပြီး အသီး မသီးနိုင်တာရယ်ကြောင့်လည်း အထွက်နှုန်းကျတာ”

တောင်ငူခရိုင် တပ်ရင်း ၃၅၀၂ တပ်ခွဲ ၂ ရဲ့ ကျဆုံးရဲဘော်ကျော်ကြီးကို ဂူသွင်းသင်္ဂြိုဟ် (ရုပ်/သံ)

“တော်လှန်ရေးကာလအတွင်းမှာ အခုအချိန်အထိ ရပ်တည်ပေးနေတဲ့ ထောက်ပို့တပ်သား အားလုံးကို ကျေးဇူးတင်ပါတယ်၊ တော်လှန်ရေးကြီးပြီးရင် အောင်ပွဲတွေနဲ့ အတူတူ ပျော်ရွှင်စရာ အချိန်တွေကို အတူတူ ဖြတ်သန်းကြမယ် ‌အရေးတော်ပုံ အောင်ရမည်” လို့ ဗလာစာရွက်မှာ ကိုယ်တိုင်လက်မှတ်ထိုးကာ ရေးသားခဲ့တဲ့ ရဲဘော်ကျော်ကြီးဟာ မတ်လ၂၀ ရက်က ရေတာရှည်မြို့နယ်၊ ကရင်ချောင်းတံတား တိုက်ပွဲမှာ ကျဆုံးခဲ့တယ်လို့ တောင်ငူခရိုင် တပ်ရင်း ၃၅၀၂၊ တပ်ခွဲ ၂ ရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော် မနေခြည်က ပြောပါတယ်။

မိုးသက်လေပြင်းတိုက်ပြီး ဓါတ်တိုင် ၈ တိုင်ကျိုးလို့ စလင်းနဲ့ဆင်ဖြူကျွန်းမှာ လျှပ်စစ်မီးပြတ်တောက်

“ဓါတ်အားတိုင်တွေက မြေပြင်ပေါ်ကို ကျိုးကျသွားတာပါ။ တိုင်တွေ အစားထိုး ပြင်ဆင်နေပါပြီ“

ပြည်သူ့စစ်စုဆောင်းတဲ့ အုပ်ချုပ်ရေးမှူးနဲ့ ထွေအုပ်စာရေး သေနတ်နဲ့ပစ်ခံရပြီး အုပ်ချုပ်ရေးမှူးသေဆုံး

“ကိုမြင့်ဆွေနဲ့ စာရေးက ပြည်သူ့စစ်စာရင်းစုပြီး ရွာကို ဆိုင်ကယ်နဲ့ပြန်အလာ သူ့ရွာထိပ်နားမှာ ပစ်သတ်ခံရပြီး အဲနေရာမှာသေတာ“

ကြွေးဟောင်းဆပ်ပြီး ကြွေးသစ်ယူရပ်တည်နေရတဲ့ စစ်ရှောင်စခန်း (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ်အနီးမှာ ဖွင့်လှစ်ထားတဲ့ စစ်ရှောင်စခန်းတခုဟာ နေ့စဉ် အလှူရှင်မရှိတာကြောင့် ကြွေးဟောင်းဆပ်ပြီး ကြွေးသစ်ယူကာ ရပ်တည်နေရတယ်လို့ ရန်ပုံငွေရှာကူညီဆောင်ရွက်ပေးနေတဲ့ Mission 21 - Magwe နဲ့ မကွေးနည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂတာဝန်ခံ အမိုး ကပြောပါတယ်။

မုံရွာမှာ ပဒေသာမိုင်းဆွဲခံရတဲ့စစ်ကား ပျက်စီးပြီး ထိခိုက်သူတွေရှိဟုဆို

”မိုင်းထိတော့ တစီးက ပက်လက်လန်ပြီး တစီးက ထိုးရပ်သွားတာ။ ပက်လက်လန်တဲ့ ကားနဲ့ စစ်သားအချို့ ခုထိအဲအနားမှာ ရှိနေတုန်းပဲ”

ကြို့ပင်ကောက်နယ်က ဆည်မြောင်းထဲမှာ ဦးခေါင်းဒဏ်ရာနဲ့ အမျိုးသားအလောင်းတွေ့

“ဦးခေါင်းနောက်စေ့ပွင့်ဒဏ်ရာ တွေ့ရတယ်။ လူသတ်မှုလား လူသေမှုလားကတော့ မသိရသေးဘူး”

ပြည်သူ့စစ်စာရင်းပို့ပြီး ပြန်လာတဲ့ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်သတ်ခံရ

“ကျည်က ရင်ဘတ်ကနေ နောက်ကျောကို ဖောက်ထွက်သွားတယ် ပွဲချင်းပြီးပဲ ပြည်သူ့စစ်စာရင်းသွားပို့တဲ့ သတင်းရလို့ စောင့်ပစ်တာ”

ရွာလုံးကျွတ် ပြည်သူ့စစ်ထဲဝင်မယ်လို့ ပြောတဲ့ ပျူစောထီးခေါင်းဆောင်ဆိုသူ အသတ်ခံရ

ပျဉ်ပုံရွာက ပျူစောထီးခေါင်းဆောင်လို့လူသိများတဲ့ အသက် ၅၀ နှစ်အရွယ် ကိုစိုးလေးကို တရွာတည်းနေ သူ့ယောက္မ ပျဉ်ပုံအုပ်စုအုပ်ချုပ်ရေးမှူး ကိုဘဲမီးအိမ်မှာ မတ်လ ၁၈ ရက် ည ၉ နာရီခွဲလောက်မှာ သေနတ်နဲ့ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲပြန်ရင်သပြေခက်နဲ့ ကြိုပေးဖို့ ပြောတဲ့ ရဲဘော်ကျဆုံး အရိုးပြာကိုသာရခဲ့ (ရုပ်သံ)

ကျဆုံးသူ အသက် ၂၁ နှစ်အရွယ် ရဲဘော်နိုင်မင်း‌ဌေးဟာ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တပ်ရင်း ၁၂ တပ်ခွဲ ၃ က ဖြစ်ပြီး ကောလင်းခရိုင်၊ ပင်လယ်ဘူးမြို့နယ်၊ ပလူတာကျေးရွာတိုက်ပွဲမှာ မတ်လ ၁၃ ရက် နေ့လယ်က ဒဏ်ရာရခဲ့ပြီး ဆေးကုသမှုခံယူနေချိန် နောက်တရက် မနက် ၃ နာရီခွဲမှာ ကျဆုံးခဲ့တာလို့ ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10