တိုက်ပွဲပြန်ရင်သပြေခက်နဲ့ ကြိုပေးဖို့ ပြောတဲ့ ရဲဘော်ကျဆုံး အရိုးပြာကိုသာရခဲ့ (ရုပ်သံ)
ကျဆုံးသူ အသက် ၂၁ နှစ်အရွယ် ရဲဘော်နိုင်မင်းဌေးဟာ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တပ်ရင်း ၁၂ တပ်ခွဲ ၃ က ဖြစ်ပြီး ကောလင်းခရိုင်၊ ပင်လယ်ဘူးမြို့နယ်၊ ပလူတာကျေးရွာတိုက်ပွဲမှာ မတ်လ ၁၃ ရက် နေ့လယ်က ဒဏ်ရာရခဲ့ပြီး ဆေးကုသမှုခံယူနေချိန် နောက်တရက် မနက် ၃ နာရီခွဲမှာ ကျဆုံးခဲ့တာလို့ ပြောပါတယ်။