ပဲခူးအနောက်ခြမ်းမှာ အမျိုးသားတဦးကို ကျပ်သိန်း ၅၀မှ ၁၀၀အထိ ဈေးပေါက်နေ (ရုပ်သံဆောင်းပါး)

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ မြန်မာနိုင်ငံအဝှမ်း စစ်ရေးရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်နေရပြီး တပ်သားပြုန်းတီးမှုတွေ ဆက်တိုက်ဖြစ်နေတာကြောင့် စစ်သားစုဆောင်းမှုတွေကို နည်းမျိုးစုံနဲ့ အတင်းအဓမ္မကြိုးပမ်းလျက်ရှိရာမှာ ပဲခူးတိုင်းအနောက်ခြမ်းမှာ အမျိုးသားတဦးကို ကျပ်သိန်း ၅၀ မှ ကျပ်သိန်း ၁၀၀ အထိ အရောင်းအဝယ်သဘောမျိုး ဈေးပေါက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

စစ်ကောင်စီရဲ့ နည်းမျိုးစုံသော တပ်သားစုဆောင်းမှုအမျိုးမျိုးကနေ ကင်းလွတ်ခွင့်ရရန် ပြည်သူတွေက ငွေပေးနေရာကနေ အခုအချိန်မှာ အရောင်အဝယ်လုပ်ခံရတဲ့အထိဖြစ်လာတာလို့ ပဲခူးတိုင်းအနောက်ခြမ်းက ဒေသခံတွေက ပြောပါတယ်။ 

ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ ရှမ်းမြောက်စစ်ဆင်ရေးနောက်ပိုင်း တပ်သားပြုန်းတီးမှုတွေများနေတဲ့ စစ်ကောင်စီဟာ ပဲခူးတိုင်းအနောက်ခြမ်းမှာ ပြည်သူ့စစ်စုဆောင်းတာတွေကို အခုနှစ် ဇန်နဝါရီလမှာ စတင် လုပ်ဆောင်ခဲ့ပါတယ်။ 

ပြည်သူ့စစ်စုဆောင်းမှုတွေကို ကျေးရွာ၊ ရပ်ကွက်အလိုက် မဖြစ်မနေလိုက်ရမယ်လို့ အတင်းအဓမ္မစုဆောင်းနေစဉ်မှာပဲ ဖေဖော်ဝါရီ ၁၀ ရက်မှာ ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းပြီး တနိုင်ငံလုံးမှာ တပ်သားစုဆောင်တာတွေကို စစ်ကောင်စီဟာ အင်တိုက်အားတိုက်ပြုလုပ်လာကြပါတယ်။ 

တည်းဖြတ် - HP

#မြေလတ်အသံ

#ရုပ်သံဆောင်းပါး #စစ်တပ် #စစ်မှုထမ်း #တပ်သားသစ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10