ခန့်အောင်

စစ်တပ်မီးရှို့သွားတဲ့ ထီးတော်တင်ရွာက အိမ်ထောင်စု ၂၈ စု ကို ကျပ်သုံးသိန်းခွဲစီထောက်ပံ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ စစ်ကောင်စီတပ်က မီးရှို့သွားတဲ့ အိမ်ထောင်စုတွေကို ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့တယ်လို့ Union Liberation Front - ULF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ရေကြီးနေတဲ့ရဲစခန်းဝန်းကို လှေစီးသွားတဲ့ရဲ လှေပေါ်ကပြုတ်ကျသေဆုံး

“သူကတယောက်တည်း လှေလှော်နေရင်း ပြုတ်ကျပြီး ရေနစ်သေတာ။ ရေအနက်က ၅ ပေ‌လောက်ရှိတယ်။ အဲဒီစခန်းက ချောက်ထဲမှာ ဆောက်ထားတာလေ”

ကိုဂျင်မီအပါ ကြိုးပေးအသတ်ခံရသူ ၄ ဦးအတွက် ၂ နှစ်ပြည့် ဝမ်းနည်းခြင်းသပိတ်  (Photo News)

သပိတ်စစ်ကြောင်းမှာ “တရားတဲ့သူသာ နိုင်ကြေး‌‌ဟေ့” စာတန်းပါဘန်နာကိုကိုင်ကာ “ငါတို့အားလုံး ကိုဂျင်မီ၊ ငါတို့ အားလုံးကိုဖြိုးဇေယျာသော်၊ ငါတို့ အားလုံး ကိုအောင်သူရဇော်နဲ့ ငါတို့အားလုံး ကိုလှမျိုးအောင်” ဆိုတဲ့ ‌ကြွေးကျော်သံတွေ ဟစ်ကြွေးပြီး လမ်းလျှောက်ဆန္ဒပြခဲ့ကြတာလို့ ဆိုပါတယ်။

ပေါက်ခေါင်းမှာ တပတ်အတွင်း လူငယ် ၈ ဦး အဓမ္မဖမ်းဆီးခံရ

“အမှတ် ၃ ရပ်ကွက်ထဲကတင် သုံးယောက်ပေါ့ဗျာ၊ အာနိုးကတော့ ပေါက်ခေါင်းကနေ ပေါင်းတလည် မြို့ဘက်ကို ဆိုင်ကယ်နဲ့ ‌ဈေးရောင်းသွားတာမှာ ဖမ်းခံလိုက်ရတာ၊ ပိုဆိုးတာက ကျောက်ကပ် တလုံး ထုတ်ထားတဲ့ ပိတ်ဆို့ကိုပါဖမ်းတာ၊ အမှတ် ၃ ရပ်ကွက်အုပ်ချုပ်ရေးမှူးက နုတ်ထွက်ယောင်ပြပြီး စာရင်းပါသူတွေရော မပါသူတွေရော ဖုန်းနဲ့စီစဉ်ပြီး ဖမ်းခိုင်းနေတာ”

အညာဒေသတော်လှန်ရေးအထူးတပ်ဖွဲ့က ရိက္ခာအတွက်စိုက်ပျိုးထားတဲ့ နွေစပါးရိတ်သိမ်း

“စပါးစိုက်ပျိုးတဲ့ အဓိကအချက်ကတော့ အမြဲတမ်းအလှူခံနေမယ့်အစား ကိုယ်တိုင်လည်း လုပ်နိုင်စွမ်းရှိတယ်၊ ကျနော်တို့ကို ထောက်ပံ့နေတဲ့ အထောက်အပံ့တွေလျော့သွားအောင် ကိုယ့်ဝမ်းစာကိုယ်ရှာတဲ့ အဆင့်ရောက်အောင်ကြိုးစား‌နေတာပါ။ ပြည်သူအများစုရဲ့ လယ်ယာမြေလစ်လပ်မှုမရှိအောင်လည်း ပါတာပေါ့”

ရွှေထီးဆောင်းတဲ့ဒဏ် မခံနိုင်တဲ့ လူ့ဗာလ (သရော်စာ)

ဒီလိုဗျို့ အာဏာသိမ်းစစ်ခေါင်း‌ဆောင် မအလကြီးက သူတလျှောက်လုံး မက်နေတဲ့ အိပ်မက်ကြီး အကောင်ထည်ပေါ်ပြီကွဆိုပြီး မနေ့ညက TV တွေ ရေဒီယိုတွေကနေ ကြေညာတာ ပလူပျံနေတာပဲဗျို့။

တပ်ရင်း တနှစ်ပြည့် အထိမ်းအမှတ်နေ့မှာ ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲကျင်းပပေးပြီး ဆုချီးမြှင့် (ရုပ်/သံ)

မကွေးတိုင်း၊ မင်းဘူးခရိုင်ထဲမှာ အခြေစိုက်တဲ့ မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်း တည်ထောင်ခြင်း တနှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ဇူလိုင် ၂၁ ရက်က တပ်ဖွဲ့ဝင်တွေကို ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲ ကျင်းပပေးခဲ့တယ်လို့ တပ်ရင်းရဲ့ သတင်းပြန်ကြားရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်းမှာ ၂ပတ်အတွင်း အုပ်ချုပ်ရေးမှူး ၆ ဦး အသတ်ခံရ

အသတ်ခံရတဲ့ အုပ်ချုပ်ရေးမှူးတွေဟာ ပေါက်ခေါင်း၊ သဲကုန်း၊ မင်းလှနဲ့ အုတ်ဖိုနဲ့ ပေါင်းတည်မြို့နယ်တို့က အုပ်ချုပ်ရေးမှူးတွေဖြစ်ပြီး ဇူလိုင် ၄ ရက်ကနေ ၁၈ ရက်အတွင်းမှာ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေက သေနတ်နဲ့ ပစ်သတ်ခဲ့တာပါ။

PDF ကို စိန်ခေါ်ကာ ဆုကြေးထုတ်ထားတဲ့ ဖြူးနယ်က ရဲဒုတပ်ကြပ် ဘီယာသောက်နေချိန် သေနတ်နဲ့ပစ်သတ်ခံရ

“လင်းလင်းက အရပ်ဝတ် ဝတ်ပြီး နှစ်လုံး၊သုံးလုံးသမားတွေနဲ့ ဘီယာ‌သောက်နေချိန်မှာ သူ့ကို ရွေးပြီး သေနတ်နဲ့ ၆ ချက် ပစ်ခဲ့တာပါ။ ပွဲချင်းပြီးသေပါတယ်။ သူ့ကို ရှင်းလင်းဖို့ စီစဉ်နေတာကြာပါပြီ။ ခုမှ အဆင်ပြေသွားတယ်။”

မင်းလှမှာ အုပ်ချုပ်ရေးမှူးနေရာ အစားဝင်လာသူ ထပ်မံအသတ်ခံရ

“သူက တယောက်တည်း လက်ပံတန်းမြို့နယ်ဘက်ကို ဆိုင်ကယ်နဲ့ သွားတာကို သတင်းရထားလို့ လမ်းတလျှောက်ကနေ အဖွဲ့တွေခွဲစောင့်ပြီး ရှင်းခဲ့တာ။ အလောင်းကိုတော့ အဲဒီနေ့ ညနေပိုင်းမှာ စစ်အုပ်စုက မင်းလှဆေးရုံကို သယ်သွားတယ်”

ပဲခူးတိုင်းအနောက်ခြမ်းက PDF စခန်းအချို့မှာ အာဇာနည်နေ့အခမ်းအနားတွေ ကျင်းပ (ရုပ်/သံ)

ဇူလိုင် ၁၉ ရက် ဒီကနေ့မှာကျရောက်တဲ့ ၇၇ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အခမ်းအနားတွေကို ပဲခူးတိုင်းအနောက်ခြမ်းက PDF တပ်ရင်း တပ်ဖွဲ့တွေ အခြေစိုက်ရာ နယ်မြေတွေမှာ ပြုလုပ်ကြတယ်လို့ သိရပါတယ်။

ယင်းမာပင်ခရိုင်က PDF စခန်းတွေမှာ အာဇာနည်နေ့ အခမ်းအနားတွေကျင်းပ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်ထဲက PDF စခန်းတွေမှာ ဇူလိုင် ၁၉ ရက် ဒီကနေ့မှာ ကျရောက်တဲ့ ၇၇ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနားတွေကို တပ်ရင်းအခြေစိုက်ရာ နယ်မြေတွေမှာ ပြုလုပ်ကြတယ်လို့ သိရပါတယ်။

မင်းလှက ဖမ်းဆီးခံထားရတဲ့ NLD ပါတီဝင်တဦးနေအိမ်ကို စစ်ကောင်စီချိပ်ပိတ်

“အိမ်ကို စာလာကပ်တာက ရဲနဲ့ကျေးရွာအုပ်ချုပ်ရေးမှူးပါ၊ မင်းလှက ရဲအရာရှိပါတယ်။ ရဲက ၃ ယောက်ပေါ့၊ ဦးတင်ဦးကို ဖမ်းတဲ့ပုဒ်မတွေတော့ မသိရဘူး”

လက်ပစ်ဗုံးဆောင်ထားတဲ့ အုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်သတ်ခံရ

“အုပ်ကြီးက သူနေတဲ့ချောင်းနားရွာကနေ မင်းလှမြို့ကိုသွားတာကို စောင့်ပြီးသေနတ်နဲ့ပစ်ခဲ့တာ။ ဆိုင်ကယ်က စပါး‌တောထဲထိုးကျသွားပြီး ပွဲချင်းပြီးသေတာ“

ရွှေဘိုမှာ စစ်ကောင်စီတပ်ဖွဲ့တွေတိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး သေနတ်နဲ့ခဲယမ်းအချို့ရရှိခဲ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က စစ်အုပ်စုကို အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်အုပ်စုဝင် ၄ ဦး သေဆုံးပြီး စစ်လက်နက်ပစ္စည်းမျိုးစုံကို သိမ်းယူနိုင်ခဲ့တယ်လို့ ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ရွှေဘို)ရဲ့ ပြန်ကြားရေးနဲ့ဘဏ္ဏာရေးတာဝန်ခံ ရဲဘော်ဗလကြီးက ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10